ခြေထောက်ကို ပုံမှန်သနေတယ်ဆိုတာက လှပဖို့အတွက်တစ်ခုထဲ မဟုတ်ပါဘူး။ ခြေထောက်နဲ့ပတ်သက်တဲ့ ကျန်းမာရေး၊ သန့်ရှင်းရေးအတွက်လည်း ပါပါတယ်။ ဒါကြောင့် ကျန်းမာပြီးသန့်ရှင်းတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ ပုံမှန်လုပ်ပေးရမယ့်အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ခြေသည်းသန့်ရှင်းရေး

ခြေသည်းသန့်ရှင်းရေးကလည်း ကျန်းမာရေးအတွက် အရေးပါတဲ့အရာပါပဲ။ တစ်ပတ်တစ်ခါ ခြေသည်းကို သန့်ရှင်းပေးတာမျိုး ပုံမှန်လုပ်ပေးပါ။ ခြေသည်းနီကိုလည်း အမြဲမဆိုးထားပါနဲ့။ ခြေသည်းပျက်စီးပါတယ်။ ခြေသည်းတွေဝါညစ်ပါတယ်။

Massage လုပ်ပါ

ခြေထောက်ကို နေ့တိုင်း Massage လုပ်နှိပ်နယ်ပေးတာက ခြေထောက်ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ ခြေဖဝါး၊ ခြေထောက်နဲ့ပတ်သက်တဲ့ ပြဿနာတွေမဖြစ်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။ အုန်းဆီ (သို့) သံလွင်ဆီကို အပူပေးပြီး နွေးလာရင် ခြေဖဝါးနဲ့ ခြေထောက်ကိုလိမ်းပြီး Massage လုပ်နှိပ်နယ်ပေးရုံပါပဲ။ ၅ မိနစ်၊ ၁၀ မိနစ်လောက်ဆို ရပါပြီ။

Moisturizer လိမ်းပါ

ခြေထောက်ကိုလည်း အမြဲတမ်း Moisturizer ပုံမှန်လိမ်းပေးပါ။ Lotion (သို့) Foot Cream လိမ်းလို့ရပါတယ်။ ဒါမှ ခြေထောက်အသားခြောက်တာမျိုး လုံးဝမဖြစ်ပဲ အသားအရေ စိုပြည်နေပါမယ်။ ရောဂါကူးစက်မှုတွေ အမြန်မဖြစ်အောင်လည်း လျှော့ချပေးနိုင်ပါတယ်။

Scrub ပုံမှန်လုပ်ပါ

ခြေထောက်ကိုလည်း တစ်ပတ်တစ်ခါ၊ နှစ်ခါလောက် Scrub လုပ်ပေးပါ။ Dead Skin Cells တွေကို ဖယ်ရှားပေးပြီး နူးညံ့ချော့မွေ့လာစေမယ်၊ ခြေထောက်အသားအရေ ကြည်လင်လာစေမယ်၊ သွေးလည်ပတ်မှု ပိုကောင်းလာစေပါမယ်။

ခြေဖဝါးအသားမာတိုက်ပါ

ခြေဖဝါးကိုလည်း တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက် အသားမာတိုက်ပေးတာ၊ ရေနွေးစိမ်ပေးတာမျိုး ပုံမှန်လုပ်ပေးပါ။ ဒါမှ ခြေဖဝါးအသားမာတက်တာ၊ ကြမ်းတမ်းတာ၊ ခြေဖနောင့်ကွဲတာမျိုးတွေ မဖြစ်မှာပါ။ ခြေထောက်လည်း သန့်ရှင်းပြီး Healthy ဖြစ်စေပါတယ်။