သင်က လက်ရှိအချိန်မှာ သင်တန်း ဒါမှမဟုတ် ကျောင်း/ တက္ကသိုလ် တက်နေရသူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဆံပင်စည်းတာနဲ့ ပတ်သက်ရင် အထူးသဖြင့် အနောက်တိုင်းက မိန်းကလေးတွေရဲ့ School Hairstyles တွေက ဖန်တီးမှု ကောင်းလေ့ရှိပါတယ်။

ဒါကြောင့် သင်အနေနဲ့ သူတို့ဆီက နမူနာ ယူနိုင်ပါတယ်။ သင်က ဆံပင်မချထားဘဲ အတန်းတက်တဲ့အချိန် ဆံပင်စည်းပြီး ချစ်စရာကောင်းနိုင်ဖို့ စည်းတဲ့ စတိုင်တွေကို သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ပါနော်-

ဆံပင်အရှည်အကောက်ကိုမှ ကျစ်ဆံမြီး သေးသေးလေးနဲ့

သင့်ဆံပင်အရှည်ကို ကောက်ပြီး ဆံပင်အနည်းငယ်ကို ကျစ်ဆံမြီးကျစ်တဲ့ စတိုင်က ချစ်ဖို့ကောင်းပါတယ်။

ဆံပင်တိုလေးတွေအတွက်

ဆံပင်တိုလေးတွေကို ဒီလိုချစ်စရာကောင်းအောင် ကျစ်ဆံမြီးကျစ်နိုင်ပါတယ်။

ဆံပင်ထုံးတာ ဒါမှမဟုတ် အမြင့်စည်းတာ

ရှေ့ ဆံပင်အနည်းငယ်ကို ရှေ့ဘက် နှစ်ဘက်ချကာ ဆံထုံးထုံးနိုင်ပါတယ်။ ဆံပင်တိုဆိုရင် အမြင့်စည်းလိုက်တာနုဲ့ ဆံထုံးပုံစံ ဖြစ်သွားနိုင်ပါတယ်။

တစ်ဝက်စည်း

“Gilmore Girls” ထဲက မင်းသမီး Alexis Bledel လို တစ်ဝက်စည်းလေး စည်းနိုင်ပါတယ်။

ဆံပင်ချထားတာကိုမှ ကလစ်လေးနဲ့

ဆံပင်အရှည်ချထားတာကိုမှ ကလစ်လေးတွေ တပ်လိုက်တာက သိပ်ပြင်စရာမလိုတဲ့ School Hairstyle ပါ။

ဆံပင်အမြင့်စည်းတာ

ဆံပင်အမြင့်စည်းပြီး ရှေ့ဆံမြိတ် နှစ်ဘက်ချတာက ကျောင်းသူတွေ စည်းလေ့ရှိတဲ့ စတိုင်ပါ။

ရှေ့ဆံမြိတ် အရှည်

သင်က Bang မညှပ်ထားရင် ရှေ့ဆံပင်က ရှည်နေမှာပါ။ ဒီရှည်နေတဲ့ ဆံမြိတ်ကို နောက်ဘက်စည်းကာ ကျစ်ဆံမြီးကျစ်နိုင်ပါတယ်။

Ariana Grande ဆံပင်စတိုင်

ရှေ့ဆံပင်ကို Gel နဲ့ ပုံသွင်းထားကာ အမြင့်စည်းရတဲ့ Ariana Grande ရဲ့ ဆံပင်စတိုင်က ကျောင်းသူတွေနဲ့ လိုက်ဖက်ပါတယ်။

ဘီးကုတ် Headband နဲ့

ဒီစတိုင်က အပေါ်က ကလစ်လိုပဲ လွယ်ပေမယ့် ချစ်ဖို့ကောင်းမယ့် အိုင်ဒီယာပါ။

ကျစ်ဆံမြီးကျစ်တာ

ဆံပင်ကို နှစ်ဘက်စည်းကာ ရလာတဲ့ တစ်ဝက်ကိုမှ နှစ်ချောင်းခွဲပြီး လှိမ်ပေးရုံနဲ့ ဒီစတိုင်လေး ရမှာပါ။

Photo Source: Pinterest

By MyStyle Myanmar