ညအိပ်တာ နောက်ကျတာကြောင့် မနက်အိပ်ရာထ နောက်ကျရင် ဘယ်လိုမှ နေလို့ ကောင်းမှာ မဟုတ်ပါဘူး။ ဒီလိုပဲ အိပ်ရာနောက်ကျမှ ပုံမှန် ထတတ်သူဆိုရင် မှန်ကန်တဲ့ အရာတွေကို မလုပ်မိရင် စိတ်ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။ မနက်ခင်းအချိန်က ကောင်းမွန်တဲ့ အလုပ်တွေကို စလုပ်ဖို့ အချိန်အခါ ကောင်းပါပဲ။ ဒီအချိန်မှာ လုပ်လိုက်တဲ့ သင့်ရဲ့ ရွေးချယ်မှုတွေက သင့်တစ်နေ့တာလုံးကို ပြောင်းလဲစေနိုင်ပါတယ်။

အခုဖော်ပြတဲ့ အချက်တွေကတော့ ပိုတော်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာစေမယ့် မနက်မှာ စလုပ်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။

၁။ လှုပ်ရှားပါ

မနက်ခင်းကို ကောင်းမွန်စွာ စတင်နိုင်ဖို့ မထမဆုံး လုပ်သင့်တဲ့ အချက်ကတော့- လှုပ်လှုပ်ရှားရှား နေတာပါ။ လှုပ်လှုပ်ရှားရှား နေတယ်ဆိုတာ လေ့ကျင့်ခန်း လုပ်ခြင်းပါ။ မနက်ထပြီး ၁၀ မိနစ်ခန့် လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ အကြောလျှော့တာ စတာတွေကို လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်တစ်နေ့တာကို ပျော်ရွှင်စေနိုင်ပါတယ်။

၂။ သင့်အတွေးတွေကို ချရေးပါ

တချို့က ညတည်းက To-Do List တွေ ရေးတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုရေးလိုက်တဲ့အခါ တစ်ခါတလေ နောက်နေ့အတွက် စိုးရိမ်ပြီး အိပ်မရ ဖြစ်စေနိုင်ပါတယ်။ မနက်ပိုင်းမှာ စာအုပ်ဖွင့်ကာ သင့်အတွေးတွေကို ရေးတာ၊ သင့်တစ်နေ့တာ ဘာလုပ်ရမလဲ ရေးတာက ပိုထိရောက်စေနိုင်ပါတယ်။

၃။ မနက်စာ စားပါ

တစ်နေ့တာ အလုပ်တွေကို သေချာ ဆောင်ရွက်နိုင်ဖို့ မနက်တည်းက အားဖြည့်ထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ကိုကော ခန္ဓာကိုယ်ကိုပါ အားဖြည့်သင့်ပါတယ်။ ဒီလို စားတဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ပိုစားပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက သင့်တစ်နေ့လုံးကို အားဖြည့်ပေးနိုင်ပါတယ်။

၄။ ကျေးဇူးတင်ပါ

ဖြစ်နိုင်ရင် အဆိုးဆုံးနေ့တွေမှာတောင် ကိုယ်ကျေးဇူးတင်တဲ့အရာတွေကို ရှာဖွေသင့်ပါတယ်။ ဒီလို ကျေးဇူးတင်စိတ် ထားတာက သင့်အဆိုးမြင်စိတ်တွေကို လျော့ပါးစေပါတယ်။ သင့်အိမ်မှာ ခေါင်မိုးရှိသေးတာက ကျေးဇူးတင်စရာ ကောင်းသလို သင် ဒီစာကို ဖတ်နေရတာကလည်း ကျေးဇူးတင်စရာပါပဲ။

၅။ အဝတ်အစားကို အရိုးရှင်းဆုံး ရွေးချယ်ပါ

မနက်ခင်းမှာ ခေါင်းမစားသင့်တဲ့ အရာတစ်ခုက ဘာဝတ်ရမလဲ စဉ်းစားရတာပါ။ အရိုးရှင်းဆုံးက အဆန်းဆုံး ဖြစ်တာမို့ ထွေထွေထူးထူး မစဉ်းစားထားရင် မနက်ပိုင်းမှာ ရိုးရှင်းတာလေးပဲ ဝတ်သင့်ပါတယ်။ အထိမ်းအမှတ်နေ့တွေ ရှိရင် မတိုင်ခင်ညတည်းက ကြို ထုတ်ထားသင့်ပါတယ်။

၆။ အိတ်တွေကို ကြိုပြင်ထားပါ

ဥပမာ – အလုပ်ယူသွားမယ့်အိတ်ထဲ ပစ္စည်းတွေ ကြိုထည့်တာမျိုး လုပ်သင့်ပါတယ်။ အိတ်ထဲ ထည့်စရာ ရှိတာကြိုထည့်ထားတဲ့အခါ မနက်ခင်း တခြား ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်သွားပါတယ်။ အိတ်ထဲ ပစ္စည်းမေ့ကျန်ခဲ့တာမျိုးလည်း မဖြစ်တော့ပါဘူး။

၇။ အကောင်းမြင်စိတ်ထားပါ

ဒီအချက်က ထင်သလောက်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အကောင်းမြင်စိတ် ထားနိုင်ဖို့က ခက်ခဲတတ်လို့ပါ။ နေ့တိုင်းမှာ အဆင်မပြေရင်တောင် မနက်တည်းက အကောငး်မြင်စိတ် ထားဖို့ လေ့ကျင့်ခြင်းက သင့်တစ်နေ့တာလုံးကို စိတ်ချမ်းသာစေမှာပါ။

၈။ Snooze Button ကို မနှိပ်ပါနဲ့

မနက်အိပ်ရာထတဲ့အချိန် Alarm မြည်တာနဲ့ မဖြစ်မနေ ထသင့်ပါတယ်။ Snooze Button နှိပ်ပြီး သင့်ကိုယ်သင် မနှိပ်စက်သင့်ပါဘူး။ Alarm မြည်တဲ့ တစ်ခဏမှာ ချက်ချင်း ထလိုက်တာက သင့်တစ်နေ့တာကို အောင်မြင်သွားပြီဆိုတဲ့ ခံစားချက်ကို ရစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar