သစ္စာဖောက်ခံရတယ်ဆိုတဲ့ ခံစားချက်ကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့ သင့်ကောင်လေးက သင့်အပေါ် အရင်လောက် ဂရုမစိုက်တော့တဲ့အခါ၊ ခြေလှမ်းတွေ ပျက်နေတဲ့အခါ သူ များ နောက်တစ်ယောက် ထားနေပြီလား ဆိုတဲ့ အတွေးက သင့်ကို စိတ်ပိုင်းဆိုင်ရာ အရရော ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်စေနိုင်ပါတယ်။ ဒီခံစားချက်ကို ရပ်တန့်နိုင်ဖို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကိုယ်ထင်တဲ့အရာ တကယ်ဟုတ်မဟုတ် စုံစမ်းဖို့ပါ။ သင့်ကောင်လေးက တကယ် သင်ထင်သလို ဖြစ်နေခဲ့တယ်ဆိုရင်လည်း သူ့ကို ထားခဲ့ပြီး ကိုယ့်ဘဝနဲ့ ကိုယ် ရှေ့ဆက်ဖို့ပဲ ရှိပါတယ်။
ဒီတော့ သူတကယ် သစ္စာဖောက်နေလား၊ ကိုယ့်အထင်ပဲလား သိနိုင်မယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်-
၁။ စုံထောက်တစ်ဦးလို ပြုမူပါ
Photo Source: A-New-Mode
ဒါကတော့ ပုံမှန် လုပ်နေကျ နည်းလမ်းပါပဲ။ သူမရှိတုန်း သူ့ပစ္စည်းတွေကို လိုက်ကြည့်တာ၊ သူ့အင်္ကျီမွှေးနံ့ကို စစ်ကြည့်တာ၊ သူသွားတဲ့နောက် လိုက်ကြည့်တာ စတာတွေကို လုပ်နိုင်ပါတယ်။ ဒီလိုရှာကြည့်လို့မှ စိတ်မရှင်းသေးရင် အောက်ဖော်ပြပါ အချက်တွေကို ဆက်လုပ်နိုင်ပါတယ်။
၂။ သူ့ဖုန်းကို ခြေရာခံပါ
Photo Source: The List
အခုခေတ်မှာ ဖောက်ပြန်တာတွေက ဖုန်းထဲကနေ တဆင့် ဖြစ်နိုင်ပါတယ်။ သူက နောက်တစ်ယောက်ရှိမယ်ဆိုရင် ဖုန်းနဲ့ အဆက်အသွယ် လုပ်မှာ အသေအချာပါပဲ။ သင်က အခွင့်အရေး ရမယ်ဆိုရင် သင့်ဖုန်းထဲမှာရော၊ သူ့ဖုန်းထဲမှာပါ Install ထားနိုင်မယ့် Spy App တွေ ရှိပါတယ်။ ဒီ Application တွေကနေ တဆင့် သူ့ Message တွေကို ကိုယ်က ကြားဖြတ်ဝင်ဖတ်နိုင်ပါတယ်။
၃။ မမျှော်လင့်ဘဲ ရောက်ချလာတာ
Photo Source: The Campus Times
သူ့ကို အငိုက်ဖမ်းဖို့ မပြောထားဘဲ သင်က သူ့အလုပ်ကို သွားတာမျိုး၊ သူငယ်ချင်းတွေနဲ့ သွားမယ်လို့ ပြောတဲ့ နေရာကို သင်ကိုယ်တိုင် လိုက်သွားတာမျိုး လုပ်ကြည့်သင့်ပါတယ်။ သူသာ အမှန်တကယ် ဆိုရင် ဘာမှ စိုးရိမ်စရာမလိုပါဘူး။ သူသာ သင့်အပေါ် သစ္စာဖောက်နေတာဆိုရင် သူ့အမူအရာကို ဖတ်ဖို့ လွယ်ပါတယ်။
၄။ ဖုန်းနံပါတ်တွေကို စစ်ဆေးပါ
Photo Source: Vixen Daily
သင်က သူ့ဖုန်းကို စစ်မယ်ဆိုရင် သူက ပါးနပ်စွာပဲ Messageတွေကို ဖြတ်ပြီးသား ဖြစ်မှာပါ။ ဒါကြောင့် သူ့ဖုန်းကို စစ်မယ်ဆိုရင် သင်မသိတဲ့ ဖုန်းနံပါတ်တွေကို လိုက်ရှာသင့်ပါတယ်။ သူက သူတွဲနေတဲ့ နောက်တစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို နာမည်တစ်မျိုးနဲ့တော့ မှတ်ထားမှာ အသေအချာပါပဲ။ ဒါမှမဟုတ် အခေါ်များတဲ့ နံပါတ်အစိမ်းက ဘာလဲ မေးနိုင်ပါတယ်။
၅။ သင့်ဆဌမအာရုံကို သုံးပါ
Photo Source: Her Norm
သူဖောက်ပြန်နေလား ရုပ်ပိုင်းဆိုင်ရာအရ စုံစမ်းလို့မရရင် သင့်ရဲ့ မိန်းမစွမ်းအင် ဆဌမအာရုံကို သုံးသင့်ပါတယ်။ သူက အရင်လောက် သင်နဲ့အတူတူ မရှိချင်တော့ဘူးလား၊ တစ်ခုခုဆို အကြောင်းမျိုးစုံ ပြနေတတ်လား၊ တစ်ခုခု ကြံနေတဲ့ ပုံစံပေါက်နေလား သင့်အာရုံခံစားမှုနဲ့ သိနိုင်မှာပါ။
By MyStyle Myanmar