လက်သည်းခဏခဏကျိုးပဲ့တယ်ဆိုတာက လက်သည်းမကျန်းမာလို့ပါ။ လက်သည်းကို သေချာဂရုမစိုက်လို့ပါ။ လက်သည်းနီတွေကို ခဏခဏဆိုးလိုက် ဖျက်လိုက် လုပ်လေ့ရှိတဲ့သူတွေ Gel လက်သည်းနီ ခဏခဏဆိုးတဲ့သူတွေမှာဆို ပိုအဖြစ်များပါတယ်။ လက်သည်းတွေပျော့ပြီး ကျိုးပဲ့လွယ်တာပါ။ ဒါကြောင့် လက်သည်းခဏခဏ ကျိုးပဲ့လွယ်တဲ့သူတွေအနေနဲ့ ပုံမှန်လုပ်ပေးသင့်တဲ့အချက် ၄ ချက်ကို ပြောပြပေးလိုက်ပါတယ်။

Hydrate

လက်သည်းခြောက်ရင်လည်း ခဏခဏကျိုးပဲ့လွယ်ပါတယ်။ ဒီတော့ လက်ကို ရေကြက်သီးနွေးနဲ့ စိမ်ပေးပါ။ ပြီးရင် Hand Cream ပုံမှန်လိမ်းပေးပါ။ လက်ကို Hand Cream နေ့တိုင်းလိမ်းပေးတာက လက်အသားအရေ ခြောက်သွေ့တာမျိုး မဖြစ်စေပဲ လက်နူးညံ့စေတယ်၊ လက်သည်းလေးတွေလည်း Hydrated ဖြစ်စေပါတယ်။

လက်သည်းသန့်ရှင်းရေးလုပ်ပါ

လက်သည်းကို တစ်ပတ်တစ်ခါ မဟုတ်ရင်တောင်မှ နှစ်ပတ်တစ်ခါတော့ သန့်ရှင်းရေးလုပ်ပေးပါ။ ကိုယ်တိုင်မလုပ်တတ်ရင် ဆိုင်မှာ Cleansing လုပ်ပေးပါ။ လက်သည်းကျန်းမာပြီး တောက်ပစေတယ်၊ လက်သည်းကျိုးပဲ့တာတွေလည်း သက်သာစေပါတယ်။ လက်သည်းနီမဆိုးပဲ ဒီတိုင်းလေးလည်း ထားပေးပါ။

ပြင်းတဲ့လက်သည်းနီတွေရှောင်ပါ

လက်သည်းနီက Chemical ပြင်းတာမျိုး၊ လုံးဝ Quality မကောင်းတာမျိုးဆိုရင် လက်သည်းကျန်းမာရေးအတွက် မကောင်းပါဘူး။ လက်သည်းပါ ပျက်စီးစေပါတယ်။ လက်သည်းဝါညစ်လွယ်ပြီး လက်သည်းကျိုးပဲ့တာတွေ ဖြစ်စေပါတယ်။ ဖျက်ရခက်တဲ့ လက်သည်းနီတွေလည်း မဆိုးသင့်ပါဘူး။ ဒါကြောင့် လက်သည်းနီကလည်း အရေးကြီးပါတယ်။

Nails Mask လုပ်ပေးပါ

Nails Mask ကို တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် လက်သည်းကျန်းမာပြီး သန်စွမ်းစေပါတယ်။ လက်သည်း ခဏခဏကျိုးပဲ့တာမျိုးတွေလည်း သက်သာစေပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကြက်ဥ – ၁ လုံး၊ ကြက်ဆူဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောထည့်ပြီးမွှေပေးပါ။ ပြီးရင်တော့ လက်သည်းကိုလိမ်းပြီး စက်ဝိုင်းပုံစံပွတ်ပေးပါ။ ပွတ်ပြီးရင် မိနစ် ၃၀ ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပါ။ ရေစင်အောင်သုတ်ပြီးရင် လက်သည်းကို သံလွင်ဆီ ပြန်လိမ်းပေးထားရုံပါပဲ။