မင်္ဂလာပါနော်။ ဆံပင် Highlight ဖောက်တာက လူငယ်ဆန်သလို မျက်နှာလေးလည်း လင်းတာမို့ အခုခေတ်တော်တော်များများက Trend နဲ့အညီ Highlight လေးတွေ ဖောက်တာမျိုးကို ပိုလုပ်လာကြပါတယ်နော်။ တစ်ခေါင်းလုံးဆိုးဖို့ မလိုတာမို့ ဆံသားပျက်စီးမှုလည်း နည်းတဲ့အပြင် ကြိုက်တဲ့နေရာရွေးဆိုးနိုင်တာမို့ ပုံမှန်ဆိုးတာထက် အမြင်တစ်မျိုးဆန်းစေမှာပါ။ ဒီလိုမျိုး Highlight လးတွေဖောက်ဖို့ စဉ်းစားနေသူတွေအတွက် အမိုက်စားဖြစ်မယ့် Highlight ပုံစံအိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်နော်-

အနုပညာရှင်တွေကိုယ်တိုင် ဆိုးလေ့ရှိတဲ့ “Money Piece” Highlight ပုံစံလေးတွေဆိုးကြည့်ပါ။ မျက်နှာဘေးနှစ်ဖက် ဘောင်ခတ်ထားသလို ကပ်ပြီးဆိုးရတာမို့ မျက်နှာကျပိုပေါ်ပြီး အသားဆောင်ပါတယ်။ ဒီလို Highlight ကိုမှ Blonde နဲ့ Crazy ကာလာတောက်တောက်လေးတွေ ဆိုးပေးတာက Hairstyle အမိုက်စားလေးရစေမှာပါ။

Baby Highlight လို့ခေါ်တဲ့ Highlight အသေးလေးတွေ ဖြန့်ဆိုးထားတဲ့ပုံစံကလည်း အမြင်မရိုင်းဘဲ အသက်အရွယ်မရွေးလိုက်ဖက်စေမယ့် စတိုင်လေးဖြစ်ပါတယ်။

ဆံပင်အတွင်းပိုင်းလေးတွေကိုပဲ ရွေးဆိုးထားတဲ့ Highlight ပုံစံလေးတွေဆိုးကြည့်ပါ။ ဆံပင်စည်းလိုက်ရင်လည်း အထာကျသလို ဓာတ်ပုံရိုက်လို့လည်းလှစေမယ့် ပုံစံလေးဖြစ်ပါတယ်။

ရှေ့ဆံမြိတ်ချတတ်တဲ့သူတွေက ဆံမြိတ်လေးကိုပဲရွေးပြီး Highlight ဖောက်လိုက်တာမျိုး လုပ်ကြည့်ပါ။ အရောင်တောက်တောက်လေးတွေနဲ့ဆို ပိုလှပါတယ်။

Money Piece ပုံစံကိုမှ တစ်ဖက်တည်း ဆိုးတဲ့ပုံစံလေးကလည်း သူများနဲ့မတူတဲ့ Highlight မျိုးဖောက်ချင်တဲ့သူတွေအတွက် ကွက်တိပါပဲ။

Highlight တွေရဲ့ထူးခြားချက်က တစ်ရောင်ထဲရွေးဆိုးဖို့မလိုတာပါ။ ဒါကြောင့်မို့ ကိုယ်ဆိုးချင်တဲ့ အရောင်လေးတွေစပ်ဆိုးတာမျိုးလည်း လုပ်ကြည့်သင့်ပါတယ်နော်။

Photo Source: Pinterest

By MyStyle Myanmar