Skincare လုပ်တာက ကောင်းပေမယ့် တစ်ခါတစ်လေကျရင် ကိုယ်လုပ်နေတာက မှားနေရင်လည်း အသားအရေကို ထိခိုက်ပျက်စီးတာမျိုး ဖြစ်စေပါတယ်။ Skincare တွေလုပ်နေရက်နဲ့ အသားအရေက တစ်ဖြေးဖြေးနဲ့ ထိခိုက်လွယ်တဲ့ Sensitive Skin ဖြစ်လာတယ်ဆိုရင်တော့ ဒီအရာတွေကို လုပ်နေမိလားဆိုတာ ပြန်စဉ်းစားကြည့်သင့်ပါတယ်။

မျက်နှာခဏခဏသစ်ခြင်း

မျက်နှာကို Facial Foam နဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပဲ သစ်ဖို့လိုပါတယ်။ ခဏခဏမျက်နှာသစ်ရင် အသားခြောက်ပြီး Sensitive Skin ဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ မနက်ပိုင်းကို Mild ဖြစ်တဲ့ Facial Foam နဲ့ပဲ သစ်တာ ပိုကောင်းပါတယ်။

အရမ်းပြင်းတဲ့ Skincare တွေသုံးခြင်း

ကိုယ့်အသားအရေကို သေချာမသိပဲ အရမ်းပြင်တဲ့ Skincare တွေကို သုံးမိရင်လည်း အသားအရေက တစ်ဖြေးဖြေးနဲ့ ထိခိုက်လွယ်တဲ့ Sensitive Skin ဖြစ်လာစေပါတယ်။

Sunscreen မလိမ်းခြင်း

Sunscreen မလိမ်းတဲ့ အသားအရေက ပျက်စီးလာတဲ့အတွက် သူများထက်ပိုပြီး ထိခိုက်လွယ်၊ ပျက်စီးလွယ်လာမယ်၊ တင်းတိတ်နဲ့ အမဲစက်တွေထွက်လာမယ်၊ အသားအရေ နီမြန်းတာတွေ ဖြစ်လာပါမယ်။ တစ်ဖြေးဖြေးနဲ့ အသားအရေက Sensitive ဖြစ်လာမှာပါ။

မလိုအပ်ပဲ Anti Aging Skincare တွေသုံးခြင်း

Anti Aging Skincare တွေက အသက် ၂၅ အထက်မှစပြီးသုံးတာ ပိုကောင်းပါတယ်။ အသက် ၂၅ မတိုင်ခင်မှာသုံးတာ၊ ဆယ်ကျော်သက်လောက်နဲ့ သုံးတာတွေက မလိုအပ်ပဲ သုံးနေမိတဲ့အတွက် Sensitive Skin ဖြစ်လာတတ်ပါတယ်။

ခေါင်းအုံးစွပ်ပုံမှန်မလဲခြင်း

ကိုယ့်မျက်နှာနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလဲပေးရင် အညစ်အကြေးတွေ မျက်နှာမှာကပ်တဲ့အတွက် ယားယံတာ၊ ခဏခဏ ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာတာမျိုးဖြစ်ပြီး အသားအရေ ထိခိုက်လွယ်လာပါတယ်။ ဒီတော့ Sensitive ဖြစ်လာပြီး အသားအရေညစ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ခါ ပုံမှန်လဲပေးပါ။