မိန်းကလေးတွေအတွက် ဆောင်းရာသီနဲ့လိုက်ဖက်ပြီး အရမ်းလည်းလှတဲ့ Winter Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ အရမ်း Heavy ဖြစ်တဲ့ Look မျိုးလည်းမဟုတ်တာကြောင့် နေ့တိုင်းပြင်ဆင်ဖို့ အဆင်ပြေတဲ့ Look လေးပါ။

ဆောင်းရာသီဆို အသားခြောက်တတ်တဲ့အတွက် Makeup မလိမ်းခင်မှာ Moisturizer လိမ်းပေးပါ။ နဂိုအသားခြောက်တဲ့သူဆို Moisturizer အပြင် Serum ပါလိမ်းလို့ရပါတယ်။

ပြီးမှသာ အောက်ခံ Foundation လိမ်းပေးပါ။

ပါးနီကို ပြောင်ပြောင်လေးနဲ့ သဘာဝဆန်ဆန်လေးဖြစ်အောင် Liquid Blusher (သို့) Lip Tint လေးနဲ့ ခြယ်ပါမယ်။ ဒီမှာတော့ Lip Tint လေးပဲသုံးထားပါတယ်။

နှုတ်ခမ်းနီကိုလည်း ပါးနီသုံးထားတဲ့ Lip Tint အရောင်ရဲရဲလေးပဲ ဆိုးပါမယ်။ Lip Tint ဆိုးမှ နှုတ်ခမ်းသားစိုစိုလေးနဲ့ ပိုပြီးလှနေမှာပါ။ ဆောင်းရာသီအတွက်လည်း ပိုပြီးလိုက်ဖက်ပါတယ်။

Eyeshadow ကိုလည်း ခုနက Lip Tint အရောင်လေးနဲ့ပဲ ခြယ်ပါမယ်။

ပြီးရင်တော့ Setting Powder လိမ်းပေးပါ။

မျက်ခုံးမွှေးကို ကိုယ့်ဆံပင်အရောင်နဲ့ လိုက်ဖက်တဲ့အရောင်ရွေးသုံးပြီး ဆွဲပေးပါ။

Eyeshadow အရောင်ပိုထွက်အောင် Eyeshadow အညိုရောင်ထပ်ခြယ်ပေးပါ။ မျက်လုံးအောက်နားလေးကိုလည်း ခြယ်ပါမယ်။

Eyeliner ကို ပါးပါးလေးဆွဲပြီး ထောင့်စွန်းမှာမှ Wings လေးထွက်အောင် ဆွဲပေးပါ။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပေးပါ။

Eyeshadow အညိုကို မျက်လုံးအောက်နားလေးမှာ နည်းနည်းခြယ်ပေးပါ။ ဒါမှ မျက်လုံးလေးဝိုင်းပြီး ထင်းနေမှာပါ။

ဒါဆိုရင်တော့ ဆောင်းရာသီနဲ့လိုက်ဖက်ပြီး အရမ်းလှတဲ့ Winter Makeup Look လေးကို ရရှိသွားပါပြီ။