ရှားပါးလှတဲ့အားလပ်ရက်တွေမှာ ဘယ်တွေသွားပြီး၊ ဘာတွေလုပ်ကြမလဲ။ ခရီးတွေသွားရတာလည်း နေရာကထပ်နေပြီ။ ဆန်းသစ်တဲ့စိတ်ခံစားမှုတွေနဲ့ သူများနဲ့မတူတဲ့ ခရီးမျိုးကိုသွားချင်တယ်။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ပြီး အိုင်ဒီယာယူလိုက်ပါ။

ရွက်ဖျင်တဲတွေပါပါစေ

အရင်သွားနေကြခရီးတွေနဲ့မတူတဲ့ ခရီးမျိုးသွားချင်တယ်ဆိုရင် ရွက်ဖျင်တဲတွေကို ယူခဲ့ဖို့မမေ့ပါနဲ့။ အတွေ့အကြုံအသစ်တွေရှာကြမယ်၊ စိတ်လက်ပေ့ါပါးစွာအနားယူကြမယ်။ ရွက်ဖျင်တဲတွေပါပါစေ။

တောင်တွေနားမှာအပန်းဖြေမယ်

တောင်တွေအနားကို ရောက်အောင်သွားကြည့်လိုက်ပါ။ ထူးခြားတဲ့နွေးထွေးမှုတွေကို ရရှိပါလိမ့်မယ်။ ရွက်ဖျင်တဲလေးနဲ့ တောင်တွေနားမှာ စခန်းချပြီးအနားယူကြည့်ပါ။ ဖတ်စရာစာအုပ်တွေပါရင်တော့ ပိုကောင်းတာပေ့ါ။ အရမ်းထူးခြားတဲ့ စိတ်ခံစားမှုတွေရရှိနိုင်မယ့် ခရီးကောင်းတစ်ခုဖြစ်ပါလိမ့်မယ်။

မြစ်ကမ်းနားမှာအပန်းဖြေမယ်

သင်သွားနေကျခရီးပုံစံမျိုးကနေ တမူထူးခြားတဲ့ခရီးမျိုးကို ဖန်တီးလိုက်ပါ။ မြစ်ကမ်းဘေးမှာ အေးအေးလူလူထိုင်ပြီး ငါးမျှားရတဲ့ခံစားချက်က သင့်ဦးနှောက်နဲ့ခန္ဓာကိုယ်ကို များစွာအထောက်အကူပြုပါလိမ့်မယ်။ ကော်ဖီတစ်ခွက်တော့ ဘေးမှာအသင့်ရှိပါစေ။ ညောင်းညာတဲ့အခါ ရွက်ဖျင်တဲမှာ အနားယူလို့ရပါသေးတယ်။

ယာခင်းတွေနားမှာအပန်းဖြေမယ်

ယာခင်းတွေ၊ သီးနှံစိုက်ခင်းတွေနားမှာ အပန်းဖြေဖို့စိတ်ကူးကြည့်ပါ။ စိုက်ခင်းပိုင်ရှင်တွေနဲ့ ရင်းနှီးသိကျွမ်းနိုင်ပြီး သူတို့ဆီကဒေသန္တရဗဟုသုတတွေကိုလည်း ရရှိနိုင်ပါတယ်။ ညဘက်တွေမှာ ရွက်ဖျင်တဲပတ်လည်မှာ မီးပုံပွဲကျင်းပပြီး ခရီးသွားခြင်းရဲ့အရသာကို လွတ်လပ်ပေ့ါပါးစွာခံစားနိုင်ပါတယ်။