မနက်ခင်းအချိန်ဟာ လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းလေးတွေ လုပ်ဖို့ အကောင်းဆုံးအချိန်တစ်ခုလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ သင်ကမနက်ပိုင်းစောစောထ လေ့ကျင့်ခန်းလုပ်ဖူးတဲ့သူဆိုရင် လေ့ကျင့်ခန်းလုပ်လိုက်လို့ လန်းဆန်းသွားတဲ့အရသာကို ခံစားဖူးမှာပါ။ မနက်အိပ်ရာက တော်ရုံနဲ့မထနိုင်တဲ့သူတွေအနေနဲ့လည်း နိုးတာနဲ့ လေ့ကျင့်ခန်းလုပ်ပေးလိုက်တာက အိပ်ချင်ပြေပြီး ခေါင်းကြည်သွားစေပါလိမ့်မယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ လန်းဆန်းတဲ့တစ်နေ့တာကို စတင်နိုင်ဖို့ အိပ်ရာနိုးတာနဲ့ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

  • မတ်တပ်ရပ်ကာ အကြောဆန့်သလို လက်တွေကို လေပေါ်ဆန့်ထုတ်လိုက်ပါ။
  • ကြမ်းပြင်ပေါ် လှမ်းထောက်ပြီး ပုံပါအတိုင်း လက်နဲ့လမ်းလျှောက်သလို ရှေ့တိုးနောက်ဆုတ်လုပ်ပေးပါ။
  • လက်ဆန့်ကာ မတ်တပ်ပြန်ရပ်ပြီး ခုဏကအတိုင်း ထပ်ခါထပ်ခါလုပ်ပါ။ ဒီပုံစံအတိုင်း ဖြေးဖြေးချင်း တစ်မိနစ်ပြည့်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၂

  • ရှေ့ကိုကုန်းပြီး လက်ထောက်ထားကာ ခန္ဓာကိုယ်ရှေ့တိုးနောက်ဆုတ်လုပ်ပေးပါ။
  • ပုံထဲကလို V ဇောက်ထိုးပုံစံရအောင် ခြေဖျားထောက်ထားကာ ကိုယ်ကို တတ်နိုင်သလောက် အနောက်ကို ခပ်မြင့်မြင့်ကော့ပေးဖို့ လိုပါတယ်။
  • ဖြေးဖြေးချင်း တစ်မိနစ်ကြာလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

  • လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားကာ Squat ထိုင်ပေးပါ။
  • ပြန်ထတဲ့အခါ ဒူးမြှောက်ပြီး ဆန့်ကျင်ဘက် တံတောင်နဲ့ထိပေးရပါမယ်။
  • နောက်တစ်ဖက်ကိုလည်း ဒီပုံစံလုပ်ပြီး Squat ပြန်ထိုင်ပါ။ ဒီပုံအတိုင်း ထိုင်၊ ထ တစ်မိနစ်ပြည့်အောင်လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၄


Photo Source: popsugar

  • ခြေထောက်တစ်ဖက်ဘေးကို တစ်လှမ်းကားပြီး Squat ထိုင်ကာ ပြန်စုပြီး နောက်တစ်ဖက်ကိုလည်း အလားတူလုပ်ပေးပါ။
  • သူ့ကိုတော့ စက္ကန့် ၃၀ လောက် ဖြေးဖြေးချင်းလုပ်ပေးဖို့လိုပါတယ်။

လေ့ကျင့်ခန်း ၅

Photo Source: divein.com

  • လွယ်ကူတဲ့ အကြောလျှော့ ယောဂလေ့ကျင့်ခန်းဖြစ်ပါတယ်။
  • ဒူးထောက်ထိုင်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့လက်တွေကို ရှေ့ဆန့်ကာ ခေါင်းကိုပါငုံ့ထားပါ။
  • ခန္ဓာကိုယ်အပေါ်ပိုင်းကို တတ်နိုင်သလောက်ဆန့်ထုတ်ပြီး တစ်မိနစ်လောက်နေပေးရပါမယ်။

Photo Source: Pinterest
By MyStyle Myanmar