သင်က ယောကျာ်းလေးတွေနဲ့ ပတ်သက်ပြီး အချိန်သိပ်မပေးချင်တော့ဘူး၊ သူတို့အကြောင်းတွေးရင်း အချိန်သိပ်မကုန်ချင်တော့သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကိုယ့်အပေါ် ချေနေတဲ့ သူတွေ၊ ကိုယ့်ဖြစ်တည်မှုကို ဂရုမစိုက်တဲ့သူတွေ၊ ကိုယ့်ဘက်က ပေးသလောက် ပြန်မပေးနိုင်သူတွေ အပေါ် သင်က စိတ်ကုန်နေပြီဆိုရင် ဖော်ပြပါ အချက်တွေကို ပြုလုပ်နိုင်ပါတယ်။

၁။ သင့်ကိုယ်သင် ဂရုစိုက်ပါ

သင့်ကိုယ်သင် ဂရုစိုက်တဲ့အနေနဲ့ လုပ်လို့ရမယ့် Self-care နည်းလမ်းများစွာ ရှိပါတယ်။ တစ်ပတ်တစ်ခါ Mask ကပ်တာ၊ လက်သည်းနီ သွားဆိုးတာ၊ ဆံပင်ပုံစံ ပြောင်းတာ စသဖြင့် အမျိုးမျိုး လုပ်နိုင်ပါတယ်။

၂။ ပြန်ဆက်သွယ်တာကို အဆက်အသွယ် ဖြတ်ပါ

သင်က လူတစ်ယောက်အပေါ် စိတ်ဝင်စားနေခဲ့ရင် ဒီလူနဲ့ ခဏခဏ ဆက်သွယ် စကားပြောချင်မှာပါ။ ဒီတစ်ခေါက်လုပ်ရမှာကတော့ ဒီလိုစကားမပြောမိအောင် Social Media ကနေ ခဏ ပျောက်သွားတာ၊ Acc ကို ခဏနားထားတာ စသဖြင့် လုပ်သင့်ပါတယ်။

၃။ သင်နဲ့ အဆင်ပြေမယ့် Routine တစ်ခုရှာပါ

Routine ဥပမာတစ်ခုကတော့- မနက်စောစောထပြီး တရားထိုင်တာ၊ အကြောလျှော့တာ၊ Journaling လုပ်တာ စတဲ့ အရာတွေကို ပုံမှန်လုပ်သွားခြင်း ဖြစ်ပါတယ်။ သင်နဲ့ အဆင်ပြေမယ့် Routine တစ်ခု လုပ်နေရင် ကောင်လေးတွေ အကြောင်း မတွေးမိတော့ပါဘူး။

၄။ သင့်ကိုယ်သင် အာရုံစိုက်ပါ

ဘာပြီးရင် ဘာလုပ်မယ် စသဖြင့် ကြို Plan ဆွဲထားသင့်ပါတယ်။ ဒီလို Plan ဆွဲပြီး ပြီးအောင်လုပ်တာက သင့်ကိုယ်သင် အာရုံစိုက်တာပါပဲ။

၅။ သင့်အိပ်မက်တွေနောက် လိုက်ပါ

သင့် ဘဝမှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ ဘာတွေရှိလဲ ပြန်စဉ်းစားသင့်ပါတယ်။ ကောင်လေး အပေါ် အာရုံမစိုက်ဘဲ သင့် အိပ်မက် ပန်းတိုင်တွေပေါ်ပဲ အာရုံစိုက်တာက အချိန်ကုန်ရကျိုးနပ်ပါတယ်။

၆။ သင့်ကိုယ်သင် ဂရုစိုက်စောင့်ရှောက်ပါ

တစ်ခါတလေ စိတ်ဓာတ်ကျနေရင်၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှု မရှိရင် ကိုယ့်ကိုယ်ကိုယ် မုန်းတဲ့စိတ်၊ ကြည့်မရတဲ့စိတ်တွေ ဖြစ်တတ်ပါတယ်။ သင်က ကောင်လေးတွေ အကြောင်း မတွေးချင်တော့ဘူးဆိုရင် ဒီကောင်လေးအပေါ် ထားတဲ့ မေတ္တာကို သင့်ကိုယ်သင်အပေါ် ပဲ ပြောင်းထားလိုက်နိုင်ပါတယ်။

၇။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပါ

အရင်ထက် ပိုစိတ်ချမ်းသာလာဖို့ သင်စားတဲ့ အစားအသောက်တွေက အရေးကြီးပါတယ်။ ဘယ်သူ့အကြောင်းမှ မတွေးတော့ရင်၊ ဂရုမစိုက်တော့ရင် သင်အထီးကျန်လာနိုင်ပါတယ်။ ဒီလို အချိန် စိတ်မညစ်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသင့်ပါတယ်။

၈။ ပညာရပ်တွေ ဖြည့်တင်းပါ

ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တစ်ယောက်တည်း Slay နေဖို့ တက်ကျွမ်းသင့်တဲ့ ပညာဗဟုသုတတွေကိုလည်း ရှာဖွေလေ့လာသင့်ပါတယ်။

၉။ သင့်ကိုယ်သင်ချစ်တတ်ဖို့ သင်ယူပါ

သင့် ဖူးစာဘက်သာ မှန်ရင် အချိန်တန်ရင် သင့်လူက ပေါ်လာမှာပါပဲ။ ဒီအချိန်ကို စောင့်မနေဘဲ သင့်ကိုယ်သင် ချစ်တတ်အောင်ပဲ ကြိုးစားနေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar