“Miss Independent” ဆိုတဲ့ စကားလုံးကို မိန်းကလေး အများစု နှစ်သက်ကြပါတယ်။ လူတွေရဲ့ ဒီလို ချီးကျူးစကား ဆိုတာကိုလည်း မိန်းကလေးတွေက လိုချင်ကြပါတယ်။ တကယ်လည်း Miss Independent တစ်ဦး ဖြစ်ရတာက ဂုဏ်ယူဖို့ ကောင်းပါတယ်။ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာမလိုဘဲ ကိုယ်လုပ်ချင်တာကို လုပ်မယ်၊ ကိုယ်ယုံကြည်ရာကို သတ္တိရှိရှိသွားနိုင်တယ်ဆိုတာက မက်မောစရာ ကောင်းတဲ့ အရာတွေပါပဲ။

သင်က အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေး တစ်ဦး ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေကို လက်တွေ့ကျကျ လုပ်ကြည့်နိုင်ပါတယ်။

၁။ မနက်စောစောထပါ

မနက်စောစောထတာက ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် တစ်ခုပါပဲ။ မနက်နိုးတာနဲ့ ရေသောက်ပေးတာက သင့်ကို စိတ်ချမ်းသာစေမယ့်အပြင် သင့်ကိုယ်သင် ယုံကြည်စိတ်ကိုပါ တိုးစေနိုင်ပါတယ်။

၂။ အိပ်ယာသိမ်းပါ

မနက်ပိုင်းမှာ အိပ်ယာ သိမ်းတယ်ဆိုတဲ့ အလုပ်သေးသေးလေးတစ်ခုက သင့်ကိုယ်သင် ကျေနပ် ဂုဏ်ယူစိတ် ဖြစ်ပေါ်စေပြီး တစ်နေ့လုံးစာ အားအင် တိုးစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်တဲ့ ကောင်မလေးတွေအနေနဲ့ ရိုးရှင်းတဲ့ အိပ်ယာသိမ်းတဲ့ ကိစ္စကို မကျော်သင့်ပါဘူး။

၃။ Journal, Plan

သင့်စိတ်ထဲ ဖြစ်နေတာတွေကို ချရေးကာ Journaling လုပ်သင့်ပါတယ်။ ဒီလိုပဲ သင့်တစ်နေ့တာကို သေချာ Plan ချပြီး လုပ်သင့်ပါတယ်။ သင်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေး တစ်ဦး ဖြစ်ချင်တယ်ဆိုရင် ပညာဗဟုသုတတွေ လေ့လာနေဖို့လည်း မမေ့သင့်ပါဘူး။ ဒါ့အပြင် ကိုယ့်ကို ခွန်အားတွေပေးန်ိုင်တဲ့ အရာတွေကို လိုက်ကြည့်နေဖို့လည်း လိုအပ်ပါတယ်။

၄။ မနက်မှာ လှုပ်လှုပ်ရှားရှုားနေပါ

မနက်ပိုင်းမှာ ခဏတဖြုတ် အကြောလျှော့တာ၊ Yoga ကျင့်တာ၊ Pilates လုပ်တာ စတာတွေကို လုပ်သင့်ပါတယ်။ ဒီလို လုပ်တာက တစ်နေ့လုံးစာ ခွန်အား တိုးစေပြီး သွက်လက်တက်ကြွစေနိုင်ပါတယ်။

၅။ လမ်းလျှောက်ပါ

သင်က အပေါ်က ပြောထားတဲ့ အချက်တွေကို မလုပ်ချင်ရင် မနက်ပိုင်းမှာ လုပ်နိုင်တဲ့ တခြား နည်းလမ်းတစ်ခု ကတော့ လမ်းလျှောက်တာပါ။ လမ်းလျှောက်တာက သဘာဝ တရားနဲ့လည်း နီးစပ်စေနိုင်ပါတယ်။ သဘာဝ တရားက သင့်အမောတွေကို ပြေပျောက်စေမှာပါ။ လမ်းလျှောက်ပေးတဲ့အခါ သင့်အတွက် သင်ရှိကြောင်း အတွေးတစ်ခုကိုလည်း ရလာနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myamar