တင်ထွက်ချင်တဲ့သူတွေနဲ့ တင်မရှိလို့ စိတ်ညစ်နေတဲ့သူတွေအတွက် တင်ပါးလုံးဝန်းပြီး Super-Toned Shape လေးရလာစေမယ့် လေ့ကျင့်ခန်း 7 ခုကို မျှဝေပေးလိုက်ပါတယ်။

Flutter Kicks

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို 45 degrees လောက် မြှောက်ပေးရမှာပါ။ ဘယ်မြှောက်လိုက်၊ ညာမြှောက်လိုက်နဲ့ တစ်ဖက်ကို အကြိမ် 30 စီ လုပ်ပေးပါ။

Side Leg Lifts

ဒီလေ့ကျင့်ခန်းကတော့ ပုံမှာပြထားတဲ့ ဘေးတစ်စောင်းအနေအထားအတိုင်း နေပြီး ခြေထောက်ကို မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း တစ်ဖက်ကို အကြိမ် 30 စီ လုပ်ပေးပါ။

Deep Squats

ပုံမှာပြထားတဲ့အတိုင်း Deep Squats ကို အကြိမ် 30 မှစပြီး ကိုယ်အဆင်ပြေသလို လုပ်ပေးနိုင်ပါတယ်။

Step-Up

ပုံမှာပြထားတဲ့အတိုင်း အမြင့်ခုံတစ်ခုခုပေါ်ကို တက်ပြီး ဒုတိယပုံထဲကလို လုပ်ပေးပါ။ ပြီးရင် အောက်ပြန်ဆင်းပြီး အဲ့အတိုင်း ပြန်လုပ်ပါ။ အနည်းဆုံး တစ်ဖက်ကို 15 ကြိမ်စီတော့ လုပ်ပေးရပါမယ်။

Rear Leg Lifts

လက်နှစ်ဖက်နဲ့ထောက်ထားပြီး ဒူးတစ်ဖက်ထောက်ထားပါ။ နောက်တစ်ဖက်က ခြေထောက်ကို အပေါ်မြှောက်လိုက် ပြန်ချလိုက်နဲ့ လုပ်ပေးရပါမယ်။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်လုပ်ပေးပါ။

Cossack Lunges

ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီး နောက်ခြေထောက်တစ်ဖက်က ဘေးကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင် ခြေထောက်နှစ်ဖက် ပြန်စုပါ။ ပြီးရင် အဲ့အတိုင်းပြန်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်လုပ်ပေးရုံပါပဲ။

Glute Bridges

ခေါင်း၊ လက်နှစ်ဖက်နဲ့ ခြေဖဝါးကို ကြမ်းမှာကပ်ထားပြီး Body ကို အပေါ်ကော့လိုက်၊ ကြမ်းနဲ့ပြန်ထိလိုက် လုပ်ပေးပါ။ အကြိမ် 30 လုပ်ပေးရင် ရပါပြီ။