လက်သည်းနီအမြဲဆိုးလေ့ရှိတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ လက်သည်းနီအရောင် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်တော့မှရိုးမသွားမယ့် လက်သည်းနီအရောင်လေးတွေဖြစ်ပြီး မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။
ဘယ်အချိန်ဆိုးဆိုး အသားဆောင်ပြီးလှနေတဲ့ အရောင်လေးပါ။ အရောင်ငြိမ်ငြိမ်လေးဖြစ်လို့ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး ဆောင်းရာသီနဲ့လည်း အလိုက်ဖက်ဆုံးပါပဲ။
ဆောင်းရာသီနဲ့လိုက်ဖက်ပြီး အသားဆောင်တဲ့ အရောင်လေး ဖြစ်သလို အရောင်လေးလည်း နည်းနည်းဆန်းပါတယ်။
ခရမ်းရောင်ကြိုက်ရင် ဒီလိုခရမ်းအနုလေးကိုပဲဆိုးပါ။ ဆောင်းရာသီနဲ့ ပိုပြီးလိုက်ပါတယ်။
ထောပတ်သီးအရောင်လေးကလည်း ဆောင်းရာသီနဲ့ အရမ်းလိုက်ဖက်တဲ့ အရောင်လေးဖြစ်ပြီး လူငယ်ဆန်ပါတယ်။
ဒီလိုအပြာရောင်လေးဆိုရင် အရောင်နည်းနည်းဆန်းပါတယ်။ အရောင်လွင်လွင်လေးဖြစ်လို့ ဆောင်းရာသီနဲ့လည်း လိုက်ဖက်ပါတယ်။
ဒီလိုအစိမ်းရောင်မျိုးက အသားဆောင်ပြီး အရမ်းလှတဲ့ အရောင်မျိုးပါ။ ဆောင်းရာသီနဲ့လည်း အလိုက်ဖက်ဆုံးပါပဲ။
ဆောင်းရာသီ Vibes မျိုး အပြည့်အဝရစေမယ့် လက်သည်းနီအရောင်လေးပါ။ အသားဆောင်ပြီး လက်ပိုဖြူသွားစေမယ့် အရောင်မျိုးပါ။
ဆောင်းရာသီနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ လက်သည်းနီအရောင်ပါပဲ။ ဒီလို Marron အရောင်လေးက Matte ဆိုးရင် ပိုပြီးလှပါတယ်။ မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး အသားဆောင်ပါတယ်။
ပန်းရောင်လေးဆိုးမယ်ဆိုရင်တော့ ရိုးရိုးလက်သည်းနီမဆိုးပဲ ဒီလို Matte ဖြစ်တာကိုဆိုးပါ။ ဆောင်းရာသီနဲ့ ပိုလိုက်ပါတယ်။
အဝါရောင်လေးက ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ အရောင်လေးဖြစ်သလို နွေရာသီနဲ့လည်း လိုက်ဖက်ပါတယ်။
Photo source:www.pinterest.com