Skirt ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် မိန်းကလေးဆန်ပြီးလှသလို ဆွဲဆောင်မှုလည်းရှိစေမယ့် Skirt အတိုဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလို Mini Skirt လေးတွေက ဝတ်လိုက်တာနဲ့ကို ဆွဲဆောင်မှုရှိတာပါ။ ကိုရီးယားမလေးတွေဝတ်သလို ကော်လံနဲ့ အင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိပြီး လှနေမှာ သေချာပါတယ်။

ဒီ Mini Skirt လေးကို ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်ပြီး အပေါ်ကနေ Cardigan တွေ ထပ်ဝတ်ရင်လည်း စမတ်ကျပြီး လှနေမှာပါ။

Mini Skirt အတိုလေးကို Cardigan နဲ့ ဒါမျိုးတွဲဝတ်လည်း အရမ်းလှပါတယ်။

ဒီလိုစကပ်လေးတွေကျတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။ အဝတ်အစား တော်တော်များများနဲ့ လိုက်ဖက်ပေမယ့် Crop Top အကျပ်လေးတွေနဲ့ တွဲဝတ်လိုက်ရင်တော့ ပိုပြီးချစ်ဖို့ကောင်းသလို ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

Mini Skirt လေးတွေကို အပေါ်ကနေ Body Fit လက်ရှည်တွေနဲ့ တွဲဝတ်တာမျိုးကတော့ မိန်းကလေးဆန်ပြီး အရမ်းဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်ပါပဲ။

ဒီလိုအင်္ကျီလေးတွေဆိုရင် Mini Skirt လေးတွေနဲ့ တွဲဝတ်လိုက်ရင် ကိုရီးယားမလေးတွေ ဝတ်နေကျ ဖက်ရှင်လေးအတိုင်းပဲ ဖြစ်သွားမှာပါ။ အရမ်းလှပါတယ်။

ဒီလို ဘောင်းဘီ Skirt လေးတွေကလည်း ဝတ်ရတာ အရမ်းပေါ့ပါးမှုရှိပြီး လှပါတယ်။ အင်္ကျီတော်တော်များများနဲ့လည်း လိုက်ဖက်ပါတယ်။ ရိုးရိုးရှင်းရှင်းလေး ဝတ်ချင်ရင်တော့ ဒီလို Body Fit လေးတွေနဲ့သာ တွဲဝတ်ပါ။

ဒီလို Skirt အကားလေးတွေကို Body Fit လေးတွေနဲ့ တွဲဝတ်တာကလည်း ဆွဲဆောင်မှုရှိသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဒီ Skirt လေးတွေက Cute Type ဆိုပေမယ့် အပေါ်ကနေ Body Fit အမိုက်စားလေးတွေနဲ့ တွဲဝတ်လိုက်ရင်တော့ အရမ်း Cute Type မဖြစ်တော့ပဲ မိန်းကလေးဆန်ပြီး လှတဲ့ဘက်ကို ရောက်သွားပါတယ်။

Photo source:www.pinterest.com