ကိုယ့်ရဲ့သွားလေးတွေ ပုံမှန်ထက်ပိုဖြူပြီး bright ဖြစ်လာစေဖို့အတွက် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။ လူတိုင်းလုပ်လို့ အဆင်ပြေတဲ့အရာတွေပါပဲ။

Baking soda

သွားတိုက်တံကို ရေနည်းနည်းစွတ်ပြီး baking soda ကိုယူကာ သွားတိုက်ပေးရမှာပါ။ တစ်ပတ်တစ်ကြိမ်သာ ပုံမှန်တိုက်ပေးမယ်ဆိုရင် ပုံမှန်ထက်ပိုပြီး သွားဖြူလာမယ်၊ bright ဖြစ်လာမယ်၊ bacteria ပေါက်ဖွားမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါမယ်။

Apple cider vinegar

Apple cider vinegar နဲ့ ရေကိုရောမွှေပြီး အာလုတ်ကျင်းပေးရင်လည်း သွားပိုဖြူလာစေတယ်၊ ပိုပြီး bright ဖြစ်လာစေပါတယ်။ နှစ်မျိုးမရောချင်ရင်လည်း apple cider vinegar နဲ့ အရင်အာလုတ်ကျင်းပြီးမှ ရေနဲ့ပြန်ပြီး အာလုတ်ကျင်းပေးလို့လည်း ရပါတယ်။

သွားမှာစွန်းထင်းတာမျိုးမဖြစ်အောင်

သွားမှာ စွန်းထင်းတာမျိုးတွေ မဖြစ်အောင် coffee, soda, red wines စတာတွေကို ရှောင်ပေးပါ။ ဒီအရာတွေက သွားမှာစွန်းထင်းပြီး ကြာလာရင် သွားဝါညစ်တာတွေ ဖြစ်လာစေပါတယ်။

ငှက်ပျောသီးအခွံ

သွားကို ငှက်ပျောသီးအခွံနဲ့တိုက်ပေးရင် သွားဖြူစေတယ်ဆိုတာကို တော်တော်များများ ကြားဖူးကြမှာပါ။ တကယ်လည်း ဖြူပါတယ်။ ဒါပေမယ့် စိတ်ရှည်ဖို့နဲ့ နေ့တိုင်း မပျက်မကွက် သေချာလုပ်ပေးဖို့တော့ လိုပါတယ်။ ဒါမှလည်း သိသာတဲ့ result ကို တွေ့ရမှာပါ။ ငှက်ပျောသီးအခွံနဲ့ သွားကို ၂ မိနစ်လောက် အနည်းဆုံး တိုက်ပေးပါ။ ပြီးမှ သွားတိုက်ဆေးနဲ့ သွားပွတ်တံနဲ့ ပြန်တိုက်ပါ။ ငှက်ပျောသီးမှာက potassium, magnesium နဲ့ manganese ပါဝင်လို့ သွားဖြူစေဖို့ အထောက်အကူပြုပါတယ်။