မျက်ကွင်းညိုရင် မိတ်ကပ်ဘယ်လောက်ဖုံးဖုံး ပြန်ပေါ်လာတာပါပဲ။ ဒါကြောင့် မျက်ကွင်းမညိုအောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းနဲ့ မျက်ကွင်းညိုနေတာ သက်သာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
အိပ်ရေးဝအောင်အိပ်ပါ
မျက်ကွင်းမညိုချင်ရင်၊ မျက်ကွင်းညိုတာ သက်သာချင်ရင် အရင်ဆုံးလုပ်ရမှာက အိပ်ရေးဝအောင် အိပ်တာပါပဲ။ အိပ်ရေးမဝရင်၊ အိပ်ရေးပျက်တာတွေ များနေရင်တော့ ဘယ်လောက် skincare လုပ်လုပ် မျက်ကွင်းညိုနေမှာပါပဲ။
Eye Cream လိမ်းပါ
Skincare products တွေထဲမှာဆိုရင် eye cream ကို ကောင်းကောင်းလေး သုံးပေးသင့်ပါတယ်။ Eye cream ပုံမှန်လိမ်းပေးရင် မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာနဲ့ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေ မြန်မြန်ဖြစ်မလာအောင် ကြိုတင်ကာကွယ်ပေးပါတယ်။ ဒါကြောင့် eye cream က အရမ်းအရေးကြီးပါတယ်။
ရေခဲကပ်ပါ
မျက်ကွင်းညိုတာ သက်သာပြီး မျက်လုံးနားတစ်ဝိုက်က nerves တွေ relax ဖြစ်စေဖို့အတွက် ရေခဲကပ်ပေးပါ။ မျက်ခွံလေးတွေကိုပါ ကပ်ပေးပါ။ တစ်နေ့ကို ၅ မိနစ်၊ ၁၀ မိနစ်လောက် ကပ်ပေးပါ။
Screen Time လျှော့ပါ
Screen time များရင်လည်း မျက်ကွင်းညိုတာ၊ မျက်လုံးအောက်နားလေးမှာ အညိုစက်၊ အနီစက်လေးတွေ ပေါ်လာတာ၊ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေ မြန်မြန်ပေါ်လာတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် screen time ကို လျှော့ပါ။
သခွားသီးကပ်ပါ
မျက်ကွင်းညိုတဲ့နေရာနဲ့ မျက်ခွံပေါ်ကို သခွားသီးကပ်ပေးခြင်းက မျက်လုံးအေးစေပြီး dark spots တွေ လျော့ကျစေတယ်၊ မျက်ကွင်းညိုတာလည်း သက်သာစေပါတယ်။ နေ့တိုင်း ၁၀ မိနစ်လောက် ကပ်ပေးပါ။
ခရမ်းချဉ်သီးနဲ့ဒိန်ချဉ် Mask
ခရမ်းချဉ်သီး တစ်လုံးကို ကြိတ်ချေပြီး ဒိန်ချဉ် စားပွဲတင်ဇွန်းတစ်ဝက်နဲ့ ရောမွှေလိုက်ပါ။ ပြီးရင် မျက်ကွင်းညိုတဲ့နေရာမှာ လိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်မှ ရေနဲ့ပြန်သန့်စင်ပါ။ ဒီနည်းလမ်းကို တစ်ပတ် ၂ ကြိမ် ပုံမှန်လုပ်ပေးရင် မျက်ကွင်းညိုတာ သက်သာစေပါတယ်။