ရေနွေး သောက်တာက သင့်ဗိုက်အဆီကို ကျစေမယ့်အပြင် မှတ်ဉာဏ်ကောင်းစေပြီး အသားအရေ တောက်ပစေတယ်လို့ သိရပါတယ်။ ကော်ဖီကြိုက်တဲ့ လူအများစုက တစ်နေ့တာကို ကော်ဖီတစ်ခွက်နဲ့ စတင်ချင်ကြပေမယ့် ကဖင်းဓာတ်မြင့်တဲ့ ရေနွေးကို သောက်မယ်ဆိုရင်တော့ ပိုကောင်းတဲ့ ရလဒ်တွေ ရနိုင်ပါတယ်။ သင်က Coffee Lover ဖြစ်ရင်တောင် ရေနွေးကြမ်းသောက်ပေးတာက ကျန်းမာရေး ကောင်းကျိုးတွေ ရှိတာကြောင့် သင့်စိတ်ကို ပြောင်းလဲကြည့်သင့်ပါတယ်။

ဆီးချိုဖြစ်နိုင်ချေကို လျှော့ချပေးတယ်

အမေရိကန်မှာ ရှိတဲ့ လူကြီး ၁၀ ယောက်မှာ တစ်ယောက်၊ ကလေးနဲ့ လူငယ်တွေဟာ ဆီးချိုဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဆီးချိုက ကုသရတာ ခက်ခဲပေမယ့် ရေနွေးကို တစ်နေ့ လေးခွက်နဲ့ အထက် သောက်မယ်ဆိုရင်တော့ ဆီးချို ဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါတယ်တဲ့။

အသားအရေအတွက် ကောင်းကျိုးဖြစ်စေတယ်

ရေနွေးက ဆီးချို ဖြစ်နိုင်ချေကို ကာကွယ်ပေးတာကြောင့် အသားအရေ ပြဿနာတွေကိုလည်း လျော့ကျစေပါတယ်။ ရေနွေးမှာ အိုမင်းမှုကို နှေးကွေးစေတဲ့ Antioxidant နဲ့ အယောင်အယမ်း ကျစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ဝက်ခြံနဲ့ အဆီပြန်တဲ့ အသားအရေကို ပိုကောင်းလာစေပါတယ်။

ဆံပင်အရှည် မြန်စေတယ်

ရှန်ပူနဲ့ ပျော့ဆေး အကောင်းစားတွေက သင့်ဆံပင်ကို လှစေသလို ရေနွေးကလည်း ဆံသားကို အထောက်အကူ ပြုပါတယ်။ ဆီးချိုဖြစ်တာကို လျှော့ချပေးနိုင်တဲ့ ရေနွေးကြမ်းက ဆံသားကိုပါ ကျန်းမာ ခိုင်ခံ့စေနိုင်ပါတယ်။ ဒါ့အပြင် ဆံသားကို ပိုအရှည်မြန်စေပါတယ်။

လက်သည်းကို ပိုကျန်းမာစေတယ်

လက်သည်းလှလှလေးကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝ နည်းလမ်းတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေကတော့ သံပရာသီးနဲ့ ပွတ်တာ သခွားသီးနဲ့ ကပ်ပေးတာ စတာတို့ ဖြစ်ပါတယ်။ ရေနွေးသောက်ပေးရင်တော့ ကျန်းမာတဲ့ လက်သည်းတွေကို ထိရောက်စွာ ပိုင်ဆိုင်စေပါလိမ့်မယ်။

သင်က Coffee Lover လား လက်ဖက်ရည်ကြမ်း Lover လားပြောပြခဲ့ပါဦး။

Source: Brightside

By MyStyle Myanmar