သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ အဓိကအကျဆုံးအခြေခံအုတ်မြစ်ကတော့ ယုံကြည်ခြင်းဖြစ်တယ်လို့ စိတ်ပညာရှင်များက ပြောကြားထားပေးမယ့် အချို့ကတော့ မိမိရဲ့အတိတ်က အတွေ့အကြုံကြောင့်သော်လည်းကောင်း၊ မိမိရဲ့စိတ်မလုံခြုံမှုကြောင့်သော်လည်းကောင်း ကိုယ့်ချစ်သူကို သံသယဝင်တတ်ကြပါတယ်။

ကိုယ့်ချစ်သူရည်းစားက အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ရုံနဲ့တင် လူတိုင်းက စိတ်တိုဒေါသထွက်လာပါလိမ့်မယ်။

သင့်ချစ်သူက အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတာလား။ သင့်ရဲ့စိတ်ကူးယဉ်သပ်သပ်လားဆိုတာကို ဘယ်လိုဝေခွဲရမလဲမသိ ဖြစ်နေပါသလား။

အခုဖော်ပြပေးမယ့် အချက်လေးတွေနဲ့ တိုက်စစ်ကြည့်လိုက်ပါ။ သင့်ကောင်မလေးက ဒီအကြောင်းအချက်များနဲ့ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သင်က ကံကောင်းတဲ့ လူသားတစ်ယောက်ပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သင့်ချစ်သူက သင့်အပေါ် သစ္စာစောင့်သိပြီး သင့်တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်နေလို့ပဲဖြစ်ပါတယ်။

ကိစ္စတိုင်းကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောပြတယ်

အသေးအဖွဲကိစ္စလေးကစ သင့်ကို ပြောပြမယ်။ အကြံဉာဏ်တောင်းမယ်။ သင့်ကို ဘယ်တော့မှ မလိမ်ညာတဲ့သူက သင့်အပေါ်မှာ သစ္စာစောင့်သိတဲ့သူပါပဲ။ တချို့တွေကလည်း ကိုယ့်ချစ်သူ စိတ်ညစ်ရမှာစိုးလို့ စိတ်ညစ်စရာကိစ္စရှိရင် တစ်ယောက်တည်း ကြိတ်ခံစားလေ့ရှိပါတယ်။ တကယ်တော့ တစ်ယောက်တည်းခံစားခြင်းက လုံးဝ မမှန်ပါဘူး။ သင့်ချစ်သူက နောက်မှ ပြန်သိရတယ်ဆိုရင် သူလည်း စိတ်ကောင်းမှာ မဟုတ်ပါဘူး။

အေးအတူ ပူအမျှဆိုတဲ့ စကားလေးအတိုင်းပဲ ဝမ်းသာစရာ သတင်းရှိရင်လည်း အတူတူ ဝေမျှကာ ဝမ်းသာပြီး ဝမ်းနည်းစရာရှိလည်း တစ်ယောက်ကိုတစ်ယောက် အားပေးနှစ်သိမ့်ရပါမယ်။

သူတို့က သဝန်မတိုတတ်ကြပါဘူး

သဝန်တိုခြင်းဆိုတာ စိတ်မလုံခြုံခြင်းကြောင့် ဖြစ်တည်လာရတာပါ။ သင့်ချစ်သူက သူကိုယ်တိုင် ဖောက်ပြန်ချင်တဲ့အခါမျိုးမှာ သူ့ချစ်သူကတော့ သူ့လိုပဲ ဖောက်ပြန်နေမလားဆိုပြီး သံသယစိတ်နဲ့ သဝန်တိုတတ်ကြပါတယ်။

ကောင်းမွန်တဲ့ သမီးရည်းစားဆက်ဆံရေးက ယုံကြည်မှုပေါ်မှာ အခြေခံပြီး သင့်ရည်းစားက သင့်အပေါ်မှာ သဝန်မတိုခြင်းက သူ့စိတ်သူလုံပြီး သင့်ကိုလည်း ယုံကြည်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

သင့်ရဲ့အထင်အမြင်နှင့် သင်ဖြစ်ချင်သည့်အရာများကို လေးစားခြင်း

သင့်ရဲ့အတွေးအမြင်များကို ထည့်သွင်းစဉ်းစားပေးခြင်း၊ သင့်နေရာကဝင်ပြီး ကိုယ်ချင်းစားပေးခြင်းတို့က ချစ်သူကောင်းတစ်ယောက်ရဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။ သင့်ချစ်သူက သင့်အတွက် ထိုလုပ်ရပ်မျိုး ပြုလုပ်တယ်ဆိုရင် သေချာပါတယ်။ သူ့အတွက် သင်က အရေးပါတဲ့လူတစ်ယောက်လို့ သတ်မှတ်ထားပါတယ်။

သူ့စိတ်ထဲမှာ သင်က တချိန်လုံးနေရာယူထားမယ်

သင့်ချစ်သူက သင်နဲ့ နေ့တိုင်း မတွေ့နိုင်ဘူး။ အလုပ်တွေ အရမ်းများနေတယ်ဆိုရင်တောင်မှ သင့်အကြောင်းကို သူ စဉ်းစားနေပါတယ်လို့ တစ်မိနစ်လောက်ကလေး အချိန်ပေးပြီး သူ့အချစ်တွေကို ဖော်ပြပါလိမ့်မယ်။ စာတိုလေးတစ်ကြောင်း ပို့တာဖြစ်ဖြစ်၊ ချစ်စဖွယ် ဆယ်ဖီ ပို့တာပဲဖြစ်ဖြစ်၊ အီမိုဂျီစတေကာလေး ပို့တာဖြစ်ဖြစ် မိမိချစ်တဲ့သူကို မိနစ်ပိုင်းလေး အချိန်ပေးခြင်းအားဖြင့် သူ့စိတ်ထဲမှာ သင် အမြဲတမ်း ရှိနေကြောင်း ဖော်ပြနေပါတယ်။

Source: Brightside.me