ခန္ဓာကိုယ်တစ်ခုလုံးကို တံတောင်ဖြင့် ထောက်ထားကာ ခြေထောက်ဖြင့် ထိန်းထားခြင်းကို Plank ထောက်ခြင်းလို့ သတ်မှတ်ထားကြပါတယ်။ Plank ထောက်ခြင်း လေ့ကျင့်ခန်းက အခြား လေ့ကျင့်ခန်းများလို လှုပ်ရှားစရာမလိုဘဲ အနေအထားတစ်ခုတည်းတွင် စက္ကန့်အနည်းငယ် (သို့) မိနစ်အနည်းငယ်ကြာအောင် တောင့်ခံထားဖို့ပဲလိုပါတယ်။

အားကစားလိုက်စားသူများအတွက်တော့ Plank လေ့ကျင့်ခန်းဟာ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ တော်တော်များများက ရက် ၃၀ ကြာ Plank Challenge ဆိုပြီး မိမိကိုယ်ကို စိန်ခေါ်ကာ အားကစားပြုလုပ်လာကြပါတယ်။

သင်လည်း ရက် ၃၀ Challenge ကို ပြုလုပ်ချင်တယ်ဆိုရင်တော့ သင့်အတွက် တစ်ရက်ကို ဘယ်နှမိနစ်ကြာအောင် ပြုလုပ်ရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပထမတစ်ရက်

Plank ထောက်တဲ့အခါ ခါးကုန်းနေတာမျိုး၊ ပေါင်က ကြမ်းပြင်နှင့် ထိကပ်နေတာမျိုးမဖြစ်ရဘဲ အနေအထားမှန်ကန်ဖို့လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်က ပျဉ်ပြားတစ်ချပ်ကဲ့သို့ တစ်ဖြောင့်တည်းဖြစ်နေရပါမယ်။

ပထမစစချင်းတစ်ရက်ကိုတော့ စက္ကန့် ၂၀ ကြာပဲ Plank ထောက်ရပါမယ်။ ဒုတိယတစ်ရက်ကိုလည်း စက္ကန့် ၂၀ ပဲ Plank ထောက်ရပါမယ်။

၃၊ ၄၊ ၅၊ ၆ ရက်မြေက်နေ့

သုံးရက်မြောက်နှင့် လေးရက်မြောက်ကိုတော့ စက္ကန့် ၃၀ ကြာ ပြုလုပ်ရပါမယ်။ ငါးရက်မြောက်နေ့ကိုတော့ စက္ကန့် ၄၀ ကြာ ပြုလုပ်ရပါမယ်။ ခြောက်ရက်မြောက်နေ့တွင်တော့ လေ့ကျင့်ခန်း မပြုလုပ်ဘဲ အနားယူလိုက်ပါ။

ခုနစ်ရက်နှင့် ရှစ်ရက်မြောက်နေ့တွင်တော့ ၄၅ စက္ကန့်ပဲ ပြုလုပ်ရပါမယ်။ ကိုးရက်၊ ဆယ်ရက်နှင့် ဆယ့်တစ်ရက်နေ့ကိုတော့ ၁ မိနစ်စီကြာအောင် ပြုလုပ်ရပါမယ်။

ဆယ့်နှစ်ရက်မြောက်နေ့ကိုတော့ ၁ မိနစ်နှင့် ၃၀ စက္ကန့် ပြုလုပ်ရပါမယ်။ ဆယ့်သုံးရက်မြောက်နေ့ကိုတော့ အနားယူပါ။ ဆယ့်လေးရက်မြောက်နေ့ကိုတော့ ၁ မိနစ်နှင့် ၄၀ စက္ကန့် ပြုလုပ်ရပါမယ်။ ဆယ့်ငါးရက်မြောက်နေ့ကိုတော့ ၁ မိနစ်နှင့် ၅၀ စက္ကန့်ပြုလုပ်ရပါမယ်။

၁၆၊ ၂၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်မြောက်နေ့

၁၆ နှင့် ၁၇ ရက်မြောက်နေ့ကိုတော့ ၂ မိနစ်စီပြုလုပ်ပါ။ ၁၈ ရက်နေ့တွင်တော့ ၂ မိနစ်နှင့် စက္ကန့် ၃၀ ကြာ ပြုလုပ်ပါ။ ၁၉ ရက်မြောက်နေ့တွင် အနားယူပြီး ၂၀ နှင့် ၂၁ ရက်မြောက်နေ့တွင်တော့ ၂ မိနစ်နှင့် စက္ကန့် ၃၀ စီပြုုလုပ်ပါ။

၂၂ နှင့် ၂၃ ရက်မြောက်နေ့တွင်တော့ ၃ မိနစ်ကြာ Plank ထောက်ပါ။ ၂၄ နှင့် ၂၅ ရက်နေ့တွင်တော့ ၃ မိနစ်နှင့် စက္ကန့် ၃၀ ခန့် ပြုလုပ်ပါ။ ၂၆ ရက်နေ့တွင် အနားယူပါ။ ၂၇ နှင့် ၂၈ ရက်မြောက်နေ့တွင်တော့ ၄ မိနစ်ကြာ ပြုလုပ်ပါ။ ၂၉ ရက်နေ့တွင်တော့ ၄ မိနစ်နှင့် စက္ကန့် ၃၀ ပြုလုပ်ပြီး နောက်ဆုံးရက်ဖြစ်သော ၃၀ ရက်နေ့တွင်တော့ ၅ မိနစ်ကြာ ပြုလုပ်ရပါမယ်။

တစ်နေ့ကို စက္ကန့်နည်းနည်းချင်းစီ ရက် ၃၀ ကြာ Plank ထောက်ပေးခြင်းအားဖြင့် ခါးနာခြင်း၊ လက်ပျဉ်ကိုင်းခြင်းတို့ ပျောက်ကင်းသွားပြီး ဝမ်းဗိုက်ရှိအဆီပိုများလည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်အနေအထား မှန်ကန်သွားပြီး ကြွက်သားများလည်း တောင့်တင်းလာပါလိမ့်မယ်။

Source: Brightside.me