ဒီတခေါက်မှာ အချစ်ရေးနဲ့ပတ်သက်ပြီး ဝေမျှပေးချင်တဲ့အကြောင်းအရာလေးကတော့ အကြောင်းအမျိုးမျိုးကြောင့် တွေ့ရဖို့ခက်နေတဲ့ LDRSအတွက် အဝေးရောက်နေတဲ့အချိန်မှာတောင် အချစ်တွေလျော့မသွားပဲ့ ပိုပိုတိုးချစ်လာစေဖို့ပဲ့ ဖြစ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ မတွေ့ပဲနေရတဲ့အချိန်တွေမှာ ရန်ဖြစ်စကားများတာမျိုးတွေ မလုပ်တာက အကောင်းဆုံးပါပဲ။
ဒါကြောင့် မတွေ့ရတဲ့အချိန်တွေမှာတောင် အချစ်လျော့မသွားစေတဲ့အပြင် အချစ်တွေပိုပိုတိုးလာစေဖို့ စုံတွဲတိုင်းဆင်ခြင်ရမယ့် အရာတချို့ကို ပြောပြပေးလိုက်ပါတယ်နော်။
အပြန်အလှန်ယုံကြည်မှု
အထူးသဖြင့် မိန်းကလေးတော်တော်များများက မတွေ့ရတာကြာလာရင် သံသယတွေဝင်လာတတ်ပါတယ်။ နည်းနည်းလောက် ပြောင်းလဲတာနဲ့တင် အတွေးပေါင်းစုံဝင်ပြီး မယုံကြည်တော့ဘူး။ တစ်ခုခုဆို စိတ်ဆိုးစိတ်ကောက်လွယ်လာမယ်။ အဲ့ကနေ ပြဿနာတွေတက်ပြီး ခဏခဏရန်ဖြစ် စကားများတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်လက်တွဲဖော်အပေါ်မှာ ယုံကြည်မှုထားပေးပါ။ ယုံကြည်မှုရှိဖို့က LDRSတွေမှာ အဓိကကျပါတယ်နော်။
အမြဲအဆက်အသွယ်လုပ်ပါ
မတွေ့ရတဲ့အချိန်တွေမှာ ပစ်မထားပါနဲ့။ အရမ်းအလုပ်များနေရင်တောင်မှ တစ်နေ့ကို အနည်းဆုံးတစ်ခေါက်တော့ ဖုန်းဆက်ဖြစ်အောင် ဆက်ပါ။ ညအိပ်ခါနီးရင် Video Call ပြောပါ။ အမြဲကိုယ်ဘာလုပ်မယ်ဆိုတာ၊ ဘာလုပ်နေတယ်ဆိုတာကို အသိပေးပါ။ ဒီလိုမျိုးနေမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရလည်း အနီးမှာရှိနေသလို အနေနီးစပ်နေသလို ခံစားရတဲ့အတွက် ပိုပြီးလည်း အဆင်ပြေလာပါလိမ့်မယ်။
အတွေးမလွန်ပါနဲ့
တွေ့ဖို့မလွယ်တဲ့အခြေအနေတွေမှာ အတွေးလွန်တာမျိုးတွေ မဖြစ်အောင် ကြိုးစားပါ။ Overthinking ဖြစ်လေ၊ ကိုယ်စိတ်ပင်ပန်းရလေပါပဲ။ ဒါ့အပြင် ချစ်သူနဲ့လည်း အဆင်မပြေ၊ မပျော်ရွှင်နိုင် ဖြစ်နေပါလိမ့်မယ်။ အများကြီးမတွေးပါနဲ့။ ပျော်စရာရှိရင် ပျော်လိုက်ပါ။ စိတ်ညစ်စရာရှိရင် ခဏပဲစိတ်ညစ်ခံပါ။ မအားအောင် နေလိုက်ပါ။ ဒါဆို တွေးနေချိန်မရှိတဲ့အတွက် Overthinking လည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။
ရိုးသားပါ
တွေ့ရတဲ့အချိန်တွေမှ မဟုတ်ပါဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်လက်တွဲဖော်အပေါ်မှာ ရိုးသားပါ။ ဘယ်တော့မှ မလိမ်ပါနဲ့။ လိမ်ညာတာတွေ များလာရင် Relationship တစ်ခုက ပျက်စီးဖို့ အရမ်းကိုလွယ်ကူပါတယ်။