အားလုံးပဲမင်္ဂလာပါနော်။ အနုပညာရှင်တို့ရဲ့ ဖက်ရှင်ကဏ္ဍအတွက် အမျိုးသမီးအနုပညာရှင်တွေကိုပဲ ဖော်ပြပေးနေတာ များနေလို့ အခုတစ်ခေါက်မှာတော့ ပျိုမေတို့သဘောကျမယ့် မင်းသားတစ်လက်ကို ရွေးချယ်ထားပါတယ်။

သူကတော့ 20th Century Girl ဇာတ်ကားနဲ့ ပျိုမေတို့အသည်းကျော်လေးဖြစ်လာပြန်တဲ့ မင်းသား Byeon Woo-seok ပဲဖြစ်ပါတယ်။ သူက မင်းသားအပြင် မော်ဒယ်လ်အဖြစ်လည်း လုပ်ကိုင်ပါသေးတယ်။

Byeon Woo-seok ကို ၁၉၉၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မှာ မွေးဖွားခဲ့တာပါ။ အရပ်အမြင့်ကတော့ ၆ ပေ ၂ လက်မ ရှိပါတယ်။

သူ့ကို ပရိတ်သတ်တွေ အသိများကြမယ့် ဇာတ်ကားတွေကတော့ Live Up to Your Name, Flower Crew: Joseon Marriage Agency, Search: WWW, Record of Youth, နဲ့ Moonshine တို့ဖြစ်ကြပြီး 20th Century Girl ဇာတ်ကားမှာတော့ ခေါင်းဆောင်ဇာတ်ရုပ်ကနေ ပါဝင်လာခဲ့ရာက အခုဆို တော်တော်လေး နာမည်ရနေပါပြီ။

မိမိုက်လှတဲ့ အရပ်ကြီးနဲ့ သူ့ရဲ့ဖက်ရှင်တွေကလည်း လူငယ်ဆန်ပြီး အမြဲတမ်း သစ်လွင်နေသလို Boyfriend Material Type လို့လည်း ပြောလို့ရပါတယ်နော်။

Byeon Woo-seok ကိုချစ်ကြတဲ့သူတွေအတွက်ရော ဖက်ရှင်စိတ်ဝင်စားသူတွေအတွက်ပါ သူ့ရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

Image Source: Pinterest