ဒီနေ့မှာတော့ လူတစ်ဦးနဲ့တစ်ဦးပွေ့ဖက်ခြင်းဆိုတာ ပျော်ရွှင်မှု နွေးထွေးမှု ချစ်ခြင်းမေတ္တာတို့ကို ခံစားရရှိစေတဲ့အပြင် သင့်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ များစွာရှိနေသေးတယ်ဆိုတဲ့အကြောင်းကို ဝေမျှပေးချင်ပါတယ်။ နောက်ပြီး ပွေ့ဖက်ခြင်းက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ အထောက်အကူများစွာဖြစ်စေပါတယ်နော်။
ကဲ..ဒါကြောင့် ကိုယ်ချစ်ရတဲ့သူ၊ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ပွေ့ဖက်ခြင်းဖြင့် ရရှိလာမယ့် အံ့ဖွယ်ကောင်းကျိုးလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။
ကိုယ်ခံအားကောင်းစေတယ်
လေ့လာတွေရှိချက်တွေအရ လူတစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အကောင်းဆုံးကုသမှုတစ်ခုပဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ပိုမိုကောင်းမွန်စေပြီး ဖျားနာခြင်းတွေကိုပါ ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့ နေ့စဉ် အနည်းဆုံး လေးကြိမ်ခန့် ပွေ့ဖက်ပေးသင့်ပါတယ်။
စိတ်ခံစားချက်ကောင်းစေတယ်
ပွေ့ဖက်ခြင်းက အာရုံကြောစနစ်ကို ပိုမိုကောင်းမွန်စေဖို့ လှုံဆော်ပေးပြီး စိတ်ကို လန်းဆန်းတက်ကြွစေပါတယ်။ အတွေးလွန်ခြင်း၊ ကြောက်စိတ်ဝင်ခြင်းနဲ့ အထီးကျန်ခြင်း စတဲ့ စိတ်ခံစားချက်တွေကို အကောင်းဆုံးတွန်းလှန်ပေးပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေကာ ကောင်းမွန်တဲ့စိတ်ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်နော်။
နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေတယ်
လူတစ်ယောက်အတွက် နှလုံးကျန်းမာရေးက အင်မတန်မှ အရေးကြီးလှပါတယ်။ ကိုယ့်ရဲ့နှလုံးကျန်းမာရေးကို ကောင်းမွန်စေချင်တယ်ဆိုရင်တော့ နေ့စဉ်ပွေ့ဖက်ပေးသင့်ပါတယ်။ ပွေ့ဖက်ခြင်းဟာ သွေးဖိအားကိုလျော့ကျစေပြီး နှလုံးခုန်နှုန်းကို တည်ငြိမ်စေတာကြောင့် နှလုံးကျန်းမာရေးအတွက်ကိုပါ အအထောက်အကူဖြစ်စေပါတယ်။
ပျော်ရွှင်ကြည်နူးမှုကိုခံစားစေတယ်
လူတစ်ယောက်နဲ့ တစ်ယောက် အသားချင်းထိတွေ့တဲ့အခါ Oxytocin ဟော်မုန်းတွေကို အများဆုံးထုတ်လွှတ်ပေးပါတယ်။ Oxytocin ဟော်မုန်းကို တစ်ခါတစ်လေ ပွေ့ဖက်ခြင်းဟော်မုန်းလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ Oxytocin ဟော်မုန်းဟာ ပျော်ရွှင်မှုကိုဖြစ်စေတဲ့အပြင် စိတ်ကျခြင်း စိတ်မပျော်မရွှင်ဖြစ်ခြင်းကိုလည်း တားဆီးကာကွယ်ပေးနိုင်ပါတယ်။
ဒီလိုအံ့ဖွယ်ကောင်းကျိုးအမြောက်အများ ပေးစွမ်းတဲ့ ပွေ့ဖက်ခြင်းကို အခုပဲ့ အကျိုးရှိရှိအသုံးချရင်း ချစ်ရတဲ့သူတွေနဲ့အတူတူ ပျော်ရွှင်ကျန်းမာတဲ့နေ့ရက်လေးတွေကို ဖြတ်သန်းကြပါစို့။
Source : Brightside