စမတ်ဖုန်းကြည့်များတာတို့၊ ကွန်ပျူတာရှေ့တွင် နာရီပေါင်းများစွာ အလုပ်လုပ်တာတို့၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတွေနဲ့ အိပ်ရေးပျက်တာများခြင်းတို့ကြောင့်လည်း မျက်ကွင်းညိုတာတွေ မျက်လုံးအိတ်တွေ ဖြစ်တတ်ပါတယ်။ မျက်ကွင်းညိုခြင်းက စိုးရိမ်ရလောက်တဲ့ ပြဿနာတစ်ခုမဟုတ်သော်လည်း သင့်ကို ပင်ပန်းနွမ်းနယ်သလိုလိုနဲ့ သင့်ရဲ့အသွင်အပြင် ဆွဲဆောင်မှုအားကိုလျော့ကျစေပါတယ်။

ဒါကြောင့် သင့်ရဲ့အသွင်အပြင်ကို ကြည့်ရဆိုးစေတဲ့ မျက်ကွင်းညိုတာကို အချိန်တိုအတွင်း အလျင်အမြန်သက်သာပျောက်ကင်းစေဖို့အတွက် သင့်မီးဖိုချောင်ထဲက ပစ္စည်းတွေကို အသုံးပြုပြီး ပြုလုပ်နိုင်မယ့်နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အယ်လ်မွန်စေ့အဆီ

မျက်လုံးတဝိုက်ရှိ နူးညံ့ပါးလွှာသောအသားအရေအတွက် အင်မတန်ထိရောက်ကောင်းမွန်သော သဘာဝလက်ဆောင်မွန်တစ်ခုပဲ့ ဖြစ်ပါတယ်။ နေ့စဉ်မှန်မှန်သုံးစွဲပေးပါက မျက်ကွင်းညိုတာကို သိသိသာသာပျောက်ကင်းသွားစေမှာပါနော်။

အာလူး

အာလူးတွင် ပါဝင်တဲ့သဘာဝအစွမ်းသတ္တိဓာတ်တွေက မျက်ကွင်းညိုခြင်းကို ပြေလျော့စေရုံသာမက မျက်လုံးတဝိုက်ဖောင်းအစ်တာကိုပါ ဖယ်ရှားပေးပါတယ်။ အာလူးတစ်လုံး သို့မဟုတ် နှစ်လုံးအား အရည်ရရှိဖို့အတွက် ခြစ်ပေးပါ။ ဂွမ်းလုံးကို အာလူးအရည်ထဲသို့နှစ်ကာ မှိတ်ထားတဲ့မျက်လုံးပေါ်သို့ ဖုံးအုပ်ပေးပါ။ ၁၀ မိနစ် မှ ၁၅ မိနစ်အထိ ထားပေးပြီးနောက် ရေအေးဖြင့် ဆေးချလိုက်ပါ။

Rose Water

နှင်းဆီရည်က ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကို ပြန်လည်ပြေလျော့စေတဲ့ အစွမ်းသတ္တိရှိရုံသာမက အသားအရေအတွက် Toner အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက အသားအရေကို နဂိုမူလအတိုင်း ပြန်လည်ဝင်းပလာစေနိုင်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်တစ်ဇွန်းနဲ့ သံပရိုသီးအရည်ဇွန်းတဝက်ခန့်ကို ရောစပ်ကာ မျက်ကွင်းညိုတဲ့နေရာအပေါ် ၁၀ မိနစ် ထားပြီး ရေဆေးချပေးပါ။

ရေခဲတုံးကပ်ခြင်း

ရေခဲကပ်တဲ့အခါ မျက်လုံးအောက်ရှိ သွေးကြောတွေကို ပြန်လည်တင်းကြပ်စေတဲ့အတွက် မျက်လုံးဖောင်းအစ်ခြင်း၊ မျက်ကွင်းညိုခြင်းတွေကို လျော့ကျစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ရေခဲ တိုက်ရိုက်ကပ်တာကို မခံနိုင်ပါက ရေခဲတုံးကို လက်ကိုင်ပုဝါထဲထည့်ပြီးပဲ့ဖြစ်ဖြစ် ဇွန်းကိုအအေးခံပြီးပဲ့ဖြစ်ဖြစ် စတဲ့နည်းလမ်းတွေကို အသုံးပြုပေးနိုင်ပါတယ်။

နနွင်း

မျက်ကွင်းညိုတာကို သက်သာစေရုံသာမက မျက်လုံးတဝိုက်ရှိ အသားအရေကိုပါ နူးညံ့ချောမွတ်မှုရှိစေပါတယ်။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို နာနတ်သီးအရည်နဲ့ ရောမွှေပေးပြီး မျက်ကွင်းညိုနေတဲ့နေရာတွေမှာ လိမ်းခြယ်ပေးပါ။ ၁၀ မိနစ်ခန့်ထားပြီးနောက် နူးညံ့ရေစိုဝတ်နဲ့သာ သုတ်ပေးပါနော်။