Hello..MyStyle Myanmar ပရိသတ်ကြီးရေ..ဒီနေ့မှာတော့ ကိုယ့်က တကယ်ချစ်ပြီး ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ထားပေမဲ့ ကိုယ့်အပေါ်ရက်ရက်စက်စက် ထားသွားတဲ့သူအတွက် ကြေကွဲဝမ်းနည်းနေမယ့်အစား ဒီအရာလေးတွေကိုလုပ်ပြီး ပစ်သွားတဲ့သူကို နောင်တအကြီးအကျယ်ရသွားအောင် လုပ်ပြလိုက်စမ်းပါနော်။ ဒါကြောင့် ကိုယ်အရမ်းချစ်ရတဲ့ချစ်သူက ထားခံလိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုဖြေသိမ့်ရင်း သူ့ကိုလည်း နောင်တရအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။
ကိုယ့်ကိုယ်ကို ပိုချစ်ပါ
ကောင်းတဲ့ဘက်ကတွေးမယ်ဆိုရင်တော့ ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်နဲ့ စောစောစီးစီးလမ်းခွဲသွားတာကလည်း ကောင်းတယ်လို့တွေးရမှာပါ။ အချိန်တွေထပ်ကြာမှ လမ်းခွဲရမယ်ဆို သံယောဇဉ်ပိုရစ်နှောင်တွယ်ငြိဖြစ်ပြီး ပိုတောင်နာကျင်ခံစားနေရအုံးမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ် တန်ဖိုးမထားပဲ့ ပစ်သွားတဲ့သူ့ကို ဖက်တွယ်နေမယ့်အစား ကိုယ့်ကိုယ်ကိုပဲ ပိုချစ်လိုက်ပါ။
လုပ်ချင်တဲ့အရာတွေ စိတ်ကြိုက်လုပ်ပစ်လိုက်ပါ
ရည်းစားနဲ့တုန်းက လွတ်လွတ်လပ်လပ်နေလို့မရခဲ့တာတွေ၊ လုပ်ချင်တိုင်းလုပ်လို့မရခဲ့တာတွေကို လိုက်ပိတ်ပင်တားဆီးမယ့်သူမရှိပဲ ကိုယ့်စိတ်ကြိုက်လုပ်လို့ရပြီလို့တွေးပြီး ပျော်ပျော်နေလိုက်ပါ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေပြီး လုပ်ချင်တာလုပ်ပါ။ အိမ်မှာထိုင်ပြီး တွေးနေမှိုင်နေမယ့်အစား ဒီလိုတွေသာ ထလုပ်လိုက်ရင် ပစ်သွားတဲ့ရည်းစားကိုတောင် ကျေးဇူးတင်နေမိမှာပါ။
အရင်ကထက် ပိုလှအောင် နေပါ
ကိုယ့်ကိုပစ်သွားတဲ့သူကို နောင်တရစေချင်ရင်တော့ ကိုယ်ကိုတိုင်လည်း အရင်ထက်ပိုပြီးလှလာအောင် အရာရာပြောင်းလဲပြီး ပြင်ဆင်နေထိုင်ပြလိုက်ပါ။
အရင်ကထက် ပိုကြိုးစားပြပါ
ပစ်သွားတဲ့သူကို လွတ်တဲ့ငါးကြီးသွားတဲ့အဖြစ်မျိုး ဖြစ်အောင်၊ ကိုယ့်ဘဝလည်းတိုးတက်လာအောင် အလုပ်နဲ့ပညာရေးကို အရင်ထက်ပိုကြိုးစားပြီး အောင်မြင်တိုးတက်လာအောင်လုပ်လိုက်ပါ။ အခုလိုနာကျင်ကြေကွဲတဲ့အရာက အသက်ကြီးလာတဲ့အခါ၊ ကိုယ်ရင့်ကျက်လာတဲ့အခါမှာ ပြန်တွေးကြည့်လိုက်ရင် တကယ်ကိုရယ်စရာကြီးဖြစ်နေမှာပါနော်။
ဒါကြောင့် မျက်ရည်ကျနာကျင်ခံစားနေမယ့်အစား ဒီအရာလေးတွေကို လုပ်ရင်း ကျော်ဖြတ်လိုက်ပါနော်…