ဆံပင်အဆီအရမ်းထွက်တော့ ဆံပင်တွေက စေးကပ်ပြီး မလှတော့တဲ့အတွက် ခေါင်းခဏခဏလျှော်ရတော့တာပါပဲ။ ခေါင်းခဏခဏလျှော်တာကလည်း ကျန်းမာရေးထိခိုက်စေတဲ့အတွက် ဆင်ခြင်ဖို့လိုပါတယ်။ ဒါကြောင့် ဆံပင်အဆီအရမ်းထွက်ရခြင်းရဲ့ အဓိကအကြောင်းအရင်း ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါမှလည်း ကိုယ်တိုင်လုပ်နေမိရင် ဆင်ခြင်လို့ရမှာပါ။

ဆံပင်အမြဲစည်းထားခြင်း

ဆံပင်ကို တစ်ခါတစ်လေစည်းတာက ဘာမှမဖြစ်ပေမယ့် အမြဲတမ်းစည်းထားရင် ခေါင်းချွေးထွက်ပြီး ဆံပင်အဆီပိုထွက်ပါတယ်။

ဆံပင်ခဏခဏဖြီးခြင်း

ဆံပင်ကို ခဏခဏဖြီးတာကလည်း ဆံပင်အဆီပိုထွက်စေပါတယ်။ ဒါကြောင့် ဆံပင်ကို ခဏခဏမဖြီးပါနဲ့။ နည်းနည်းလေးလေတိုက်တာ၊ ပွတာနဲ့ကို ပြန်ဖြီးနေတာမျိုးလည်း ခဏခဏမလုပ်ပါနဲ့။ ဆံဖြီးခဏခဏဖြီးတာက ဆံပင်လည်းပိုကျွတ်စေပါတယ်။

ခေါင်းခဏခဏလျှော်ခြင်း

ခေါင်းခဏခဏလျှော်ရင်လည်း ဆံပင်အဆီပိုထွက်စေပါတယ်။ ဆံပင်က စေးကပ်နေတယ်၊ ဆံပင်အဆီအရမ်းပြန်တယ်ဆိုပြီး ခေါင်းလျှော်လိုက်၊ ခေါင်းခဏခဏလျှော်လို့ ဆံပင်အဆီပိုထွက်လိုက်နဲ့ သံသရာလည်နေမှာပါ။ ဒါကြောင့် dry shampoo လေးဆောင်ထားပါ။

ချွေးထွက်သန်ခြင်း

ချွေးထွက်သန်ရင်လည်း ခေါင်းချွေးအရမ်းထွက်တဲ့အတွက် ဦးရေပြားအဆီပြန်ပါတယ်။ ဦးရေပြား အရမ်းအဆီပြန်ရင် ပုံမှန်ထက်ပိုပြီး ဦးရေပြားကို သန့်ရှင်းအောင် ထားသင့်ပါတယ်။ ဦးရေပြားအဆီပြန်တာနဲ့ ချွေးတွေနဲ့ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ ရောပြီး ဗောက်ထလာတတ်ပါတယ်။

ဒီလို ဆံပင်အဆီအရမ်းပြန်တာ သက်သာချင်တယ်ဆိုရင်တော့ ရေကြက်သီးနွေးနဲ့ လျှော်ကြည့်ပါ။ ရေကြက်သီးနွေးကို ခေါင်းလောင်းချပြီး ပုံမှန်အတိုင်း shampoo သုံး conditioner သုံးပြီး ရေအေးနဲ့ ပြန်လျှော်ရမှာပါ။