အားလုံးပဲမင်္ဂလာပါနော်။ အခုတစ်ခေါက် အနုပညာရှင်တို့ရဲ့ဖက်ရှင်ကဏ္ဍမှတဆင့် ဖော်ပြပေးချင်တဲ့ အနုပညာရှင်ကတော့ အမေရိကန်သူ မော်ဒယ် Martha Hunt ပဲ ဖြစ်ပါတယ်။

Victoria’s Secret ရဲ့ ခပ်ဟော့ဟော့ မော်ဒယ်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ Runway မှာ လျှောက်လှမ်းတဲ့အချိန်တိုင်း ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံနဲ့ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းတဲ့စတိုင်လ်ကို အမြဲတမ်း တွေ့ရလေ့ရှိပြီး အထာကျကျနေတတ်သူပါ။

သူမက ၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား မြောက်ပိုင်း၊ Wilson မြို့မှာ မွေးဖွားခဲ့ပါတယ်။

သူမရဲ့ အရပ်အမြင့်ကဆိုရင် ၅ ပေ ၁၀ လက်မရှိတဲ့အပြင် ခန္ဓာကိုယ်အချိုးအစားကလည်း လှပပြေပြစ်တဲ့အတွက်ကြောင့် မိန်းကလေးတိုင်းရဲ့ နှစ်သက်အားကျခြင်းကို ခံရပါတယ်။

ဖက်ရှင်ပိုင်းမှာဆိုရင်လည်း အမိုက်စား၊ အဟော့စားတွေကို ဝတ်ဆင်လေ့ရှိပြီး အမြဲတမ်း လန်းနေသူဖြစ်ပါတယ်။

ဖက်ရှင်ရှိုးတွေ၊ Photo Shoot တွေမှာလည်း သူမကို မကြာခဏတွေ့ရလေ့ရှိပြီး ပွဲတွေမှာလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။

အလန်းစားဖက်ရှင်ကိုမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ MyStyle Myanmar က စာဖတ်သူပျိုမေတို့အတွက် အတုယူပြီးလိုက်ဝတ်နိုင်မယ့် Martha Hunt ရဲ့ အမိုက်စား အလန်းစား လမ်းပေါ်ထွက် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Image Source: Pinterest