အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ရိုးရိုးလက်သည်းနီအရောင်တွေနဲ့ ပုံဖော်ရတာ ရိုးလာလို့ 3D ဖာင်းကြွပုံစံ ဒီဇိုင်းလေးတွေ ဆိုးကြည့်ဖို့ စဉ်းစားနေတဲ့သူတွေရှိလား။ 3D လက်သည်းဒီဇိုင်းလေးတွေက Fake Nails အနေနဲ့ တပ်လို့လည်း လှသလို တကယ့်လက်သည်းမှာဆိုးမယ်ဆိုရင်လည်း ချစ်စရာကောင်းပါတယ်။

ရိုးရိုးပုံဖော်ထားတာနဲ့စာရင် ဖောင်းကြွပါတဲ့ ပုံစံလေးတွေက Trend လည်းဖြစ်သလို ကြည့်လိုက်တာနဲ့ လက်သည်းလေးတွေ ပိုထင်းသွားသလို မြင်ရစေမှာပါ။ Gel လေးတွေနဲ့ ပုံဖော်ပေးရင် ပိုပြီးကြည့်ကောင်းပါတယ်နော်။ သင်ပုံဖော်တတ်ရင် တတ်သလို အရောင်စိုစို ကြွကြွလေးနဲ့ အသည်းယားစရာ လက်သည်းဒီဇိုင်းလေးတွေကို ပိုင်ဆိုင်စေမှာပါ။

ဒါကြောင့်မို့ ဒီလိုလက်သည်းမျိုး စမ်းဆိုးကြည့်ဖို့ စိတ်ဝင်စားနေတဲ့ ပျိုမေတို့ နမူနာယူနိုင်မယ့် ခေတ်စားနေတဲ့ 3D လက်သည်းဒီဇိုင်း အိုင်ဒီယာလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဆယ်ကျော်သက်ကောင်မလေးတွေ အကြိုက်တွေ့မယ့် ကာလာဒီဇိုင်းဆန်းလေးတွေဖြစ်တာမို့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်ပါ။

Photo Source: Pinterest

By MyStyle Myanmar