အလှပြင်လေ့ရှိတဲ့ မိန်းကလေးတိုင်း ဆောင်ထားသင့်တဲ့ Makeup Brush 6 မျိုး ရှိပါတယ်။ ဒီ Brush လေးတွေရှိရင် မိတ်ကပ်ပြင်တဲ့အခါမှာ အရမ်းကိုအဆင်ပြေပါတယ်။
Foundation Brush
အောက်ခံမိတ်ကပ် Foundation လိမ်းတဲ့အခါမှာ လက်နဲ့မလိမ်းပဲ Foundation Brush နဲ့လိမ်းပေးတာက မိတ်ကပ်သားညီပြီး သိပ်သိပ်ညက်ညက်လေးနဲ့ ပိုလှစေလို့ Foundation Brush က ရှိထားဖို့လိုပါတယ်။
Powder Brush
Foundation လိမ်းပြီးရင် အပေါ်ကနေ Setting Powder လိမ်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ Powder Pact လိမ်းတဲ့အခါမှာပဲဖြစ်ဖြစ် Powder Brush နဲ့လိမ်းပေးတာက ထူပိန်းသွားတာမျိုး လုံးဝမဖြစ်ပဲ သိပ်သိပ်လေးနဲ့ ပိုလှပါတယ်။ ပိုပြီးတော့ နေရာအနှံ့ညီပါတယ်။
Blush Brush
ပါးနီခြယ်ဖို့အတွက် Blush Brush လေးလည်း လိုပါတယ်။ Powder Brush နဲ့ တူတူမသုံးပဲ တစ်မျိုးစီသပ်သပ်သုံးပေးတာက ပိုကောင်းပါတယ်။
Contouring Brush
Contouring လုပ်တဲ့အခါမှာလည်း Brush ကို သပ်သပ်ထားပြီး သုံးပေးပါ။ Contouring လုပ်လေ့မရှိရင်တော့ မဆောင်ထားလည်း ရပါတယ်။
Lip Brush
နှုတ်ခမ်းကို သေချာပုံဖော်ပြီး ညီညီညာညာနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆိုးချင်ရင်ပဲဖြစ်ဖြစ်၊ အရောင်စပ်ဆိုးချင်ရင်ပဲဖြစ်ဖြစ် Lip Brush လေးနဲ့ဆိုးပေးရတာဖြစ်လို့ Lip Brush ကလည်း ဆောင်ထားသင့်ပါတယ်။
Fluffy Brush
Eyeshadow ခြယ်တဲ့အခါမှာ Fluffy Brush လေးနဲ့ခြယ်တာက ပိုပြီးခြယ်လို့ကောင်းသလို တစ်နေရာထဲမှာ စုသွားတာမျိုး မဖြစ်စေတဲ့အတွက် ပိုပြီးတော့လည်း လှပါတယ်။ ဒါကြောင့် Eyeshadow ခြယ်ဖို့ဆိုရင် Fluffy Brush တော့ ရှိထားသင့်ပါတယ်။