မိန်းကလေးတိုင်းအတွက် လှပတဲ့ဆံထုံးပြင်ဆင်ပုံ Hairstyle 10 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဆံထုံးပုံစံ ဆန်းတာလေးတွေအပြင်၊ ရိုးရိုးလေးနဲ့လှတာတွေ၊ ခေတ်ဆန်တာတွေ အစုံပါတာကြောင့် ဆံထုံးထုံးဖို့ ရှိလာတဲ့အခါ ပွဲတွေသွားဖို့ ရှိလာတဲ့အခါမှာတာ့ အသုံးဝင်မှာ သေချာပါတယ်။

ရိုးရိုးလေးနဲ့ဆန်းပြီး အရမ်းလှတဲ့ ဆံထုံးပုံစံလေးပါ။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပါတယ်။

ရိုးရှင်းပြီးလှတာမျိုးလေးဖြစ်လို့ ပွဲတက်အပြင် ထသွားထလာ ပြင်ဆင်ချင်တဲ့အခါမှာလည်း အဆင်ပြေတဲ့ ဆံထုံးပုံစံလေးပါ။

Dinner ပွဲတွေသွားတဲ့အခါမှာ ပြင်ဆင်လို့ကောင်းတဲ့ ဆံထုံးပုံလေးပါ။ ကပိုကယိုလေးနဲ့ အရမ်းလှပါတယ်။

အသက် 30 ကျော်ကစပြီး လူကြီးပိုင်းအထိ ပြင်ဆင်ဖို့ လိုက်ဖက်တဲ့ French Twist ဆံထုံးပုံစံလေး ဖြစ်ပါတယ်။

ဒီ French Twist ပုံစံလေးကျတော့ အသက် 20 ကျော်ကစပြီး လူကြီးပိုင်းတွေအထိ လိုက်ဖက်တဲ့ ဆံထုံးပုံစံလေးပါ။

ကျစ်ဆံမြီးကျစ်ရတာကြိုက်တဲ့သူတွေ ဆံထုံးထုံးမယ်ဆိုရင် ဒီလိုပုံစံလေး ထုံးလို့ရပါတယ်။ လှလည်းလှ ချစ်ဖို့လည်းကောင်းပါတယ်။

ခေတ်ဆန်ပြီး ပုံစံဆန်းလေးနဲ့ လှပနေမယ့် ဆံထုံးပုံစံလေးပါ။ ဘောင်းဘီတွေနဲ့ပါလိုက်ဖက်လို့ လူငယ်ကောင်မလေးတွေဆို ပိုကြိုက်မှာပါ။

Messy Hairstyle မျိုးလေး ဖြစ်ပါတယ်။ ဆံထုံးသိပ်မကြိုက်ရင် ဒါမျိုးလေးပြင်ဆင်ကြည့်လို့ ရပါသေးတယ်။

ရိုးရိုးလေးနဲ့ ဒီဇိုင်းဆန်းတဲ့ ဆံထုံးပြင်ဆင်ပုံလေးပါ။ လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်တဲ့ ဆံထုံးပုံစံလေးပါ။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

နောက်တွဲဆံထုံးကြိုက်သူများအတွက် ဒီဇိုင်းနည်းနည်းလေး ဆန်းသွားစေမယ့် ဆံထုံးပြင်ဆင်ပုံလေး ဖြစ်ပါတယ်။ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။