သင်က အိပ်ပျော်ဖို့ ခက်တတ်သူ တစ်ဦးဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ညဘက် အိပ်ဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ အိပ်ပျော်ဖို့ ခက်လေ့ရှိသူတွေက သပ်သပ် ရှိပါတယ်။ ဒီလို သူတွေက အရင်က ညဘက် မအိပ်တတ်သူတွေ ဖြစ်နိုင်သလို အသက်အရွယ်ကြောင့် အိပ်မပျော်သူတွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်အိပ်ချိန်ကို ပိုမို ကောင်းမွန်လာအောင် ဘယ်လိုလုပ်နိုင်မလဲ ဖော်ပြပါရစေ။
၁။ နေရောင်ခံပါ
မနက်မိုးလင်းလို့ အိပ်ရာထတာနဲ့ နေရောင်ခြည်နဲ့ ထိအောင် အရင် ကြိုးစားသင့်ပါတယ်။ နေရောင်က သင့်နှလုံးခုန်သံကို ထိန်းညှိပေးကာ ညဘက် ပိုအိပ်ပျော်စေပါတယ်။
၂။ မဂ္ဂနီဆီယမ် မှီဝဲပါ
မဂ္ဂနီဆီယမ်က အိပ်ချိန်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အာရုံကြော ဆက်စပ်မှုတွေကို အားဖြည့်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်တဲ့ အစားအသောက် အချို့ကတော့- အစိမ်းရောင် အရွက်တွေ၊ အစေ့အဆံ အမျိုးမျိုး၊ ပဲနဲ့ Whole Grain တို့ ဖြစ်ပါတယ်။ သင်က ဒီအစားအသောက်တွေကို ပုံမှန် စားပေးသင့်ပါတယ်။
၃။ မွှေးရနံ့ Therapy
Aromatherapy လို့ခေါ်တဲ့ မွှေးရနံ့ ကုထုံးကလည်း အိပ်ချိန်ကို ပိုမို မှန်ကန်စေပါတယ်။ Essential Oil က နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ကူညီနိုင်ကြောင်း လေ့လာချက်တွေက ဆိုထားပါတယ်။
၄။ ကဖင်း ဖြတ်ပါ
ကဖင်းဓာတ်က သင့်ခန္ဓာကိုယ် အလုပ် လုပ်ဆောင်မှုကို နှောင့်နှေးစေနိုင်ပါတယ်။ ကဖင်း သောက်တာ များတဲ့အခါ အိပ်မပျော်ဖြစ်ကာ သင့်အိပ်ချိန်ကို ပိုလျော့စေပါတယ်။
၅။ အလင်း Pollution ကို လျှော့ချပါ
သင်က ဖုန်း Screen, Computer Screen ကို အကြည့်များသူ တစ်ဦးဆိုရင် Blue Light ကို ကာပေးတဲ့ မျက်မှန်တွေကို တပ်သင့်ပါတယ်။ ဒီ အလင်းရောင်က သင့်ကို ညဘက် အိပ်မပျော်အောင် နှောင့်ယှက်နိုင်တာကြောင့်ပါ။
၆။ Wifi ပိတ်ပါ
Wifi နဲ့ ထိတွေ့တာများတဲ့အခါ အိပ်မပျော်ခြင်းကို ဦးတည်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ Melatonin စုပ်ယူမှုကို လျှော့ချလိုက်ကာ ညဘက်မှာ Norepinephrine ကို များပြားစေပြီး အိပ်မပျော်တော့ပါဘူး။ Wifi ပိတ်လိုက်တဲ့အခါ သင် အင်တာနက် သုံးဖို့ အခွင့်အရေးလည်း မရှိတော့ဘဲ အိပ်ပျော်ဖို့ ပို ဖိအားပေးသလို ဖြစ်နေစေပါတယ်။
Photo source: Pinterest
By MyStyle Myanmar