ကိုယ့်ခန္ဓာကိုယ်နဲ့ ဘယ်လိုမှ အဆင်မပြေတဲ့ အဝတ်အစားတွေကို မိန်းကလေးတိုင်း ဝတ်ဖူးကြမှာပါ။ ပျိုမေတို့ အရင်ထက် ပိုစတိုင်ကျဖို့က ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို သိထားဖို့ လိုပါတယ်။ မော်ဒယ်ရဲ့ ခန္ဓာကိုယ်မှာ လှနေနိုင်ပေမယ့် သင်ဝတ်လိုက်ရင် သင့်ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်ချင်မှ လိုက်ဖက်မှာပါ။ ဒီလိုပဲ မော်ဒယ်နဲ့ မလိုက်တဲ့ အဝတ်အစားက သင်နဲ့ လိုက်ဖက်သွားနိုင်ပါတယ်။
Emmy ဆုရ ဝတ်စုံ ဒီဇိုင်နာ Janie Bryant ရဲ့ အဆိုအရ အခြေခံ ခန္ဓာက်ိုယ် အချိုးအစား လေးမျိုး ရှိပါတယ်။ ဒီလေးမျိုးကတော့- Apple Shape, Pear Shape, Ruler Shape, Hourglass shape ဆိုပြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ခန္ဓာကိုယ် အချိုးအစားပေါ် မူတည်ပြီး ပိုလှအောင် ဝတ်နိုင်မယ့် အဝတ်အစား အိုင်ဒီယာတွေကို ကြည့်လိုက်ရအောင်-
Apple Shape
Photo Source: Stunning style
Apple Shape ခန္ဓာကိုယ်တွေကတော့ အလယ်ပိုင်းမှာ အဆီရှိလေ့ ရှိပါတယ်။ သေချာ မဝတ်တတ်ရင် ခန္ဓာကိုယ် ပိုကြီးတယ် ထင်ရစေပြီး အရပ်ပိုပုသွားတတ်ပါတယ်။ Apple Shape အများစုက ခြေထောက်လှလေ့ရှိတာမို့ အလယ်ပိုင်းကို အာရုံမစိုက်မိစေဘဲ ခြေထောက်နေရာကို အလှပိုများစေမယ့် အဝတ်အစားတွေကို ဝတ်သင့်ပါတယ်။ အဝတ်အစားကို အရောင်တောက်လွန်းတာတွေ ရှောင်သင့်ပြီး အရောင်မှိန်မှိန်တွေနဲ့ ပိုလိုက်ပါတယ်။
Pear Shape
Photo Source: the concept wardrobe
Pear တွေကတော့ သူတို့ရဲ့ အလေးချိန်က ခါးနေရာမှာ များသွားတတ်ပါတယ်။ အဝတ်အစားဝတ်တဲ့အခါ သူတို့ရဲ့ လက်နဲ့ ပခုံးကို ပိုအာရုံစိုက်မိစေတာမျိုး ဝတ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီခန္ဓာကိုယ် ပိုင်ရှင်တွေက တင်နေရာ ကားပြီး ပခုံးကျဉ်းလို့ပါ။ အရောင်ဖျော့တဲ့ ဘောင်းဘီကို ရှောင်သင့်ပါတယ်။ တစ်တန်းတည်းသွားတဲ့ စကပ်တွေ၊ ဘောင်းဘီမှာ အိတ်ကပ်ပါတာတွေ၊ Cargo Pants တွေကို ရှောင်တာ အကောင်းဆုံးပါ။
Ruler Shape
Photo Source: The Sun
ဒီ Body Type ကတော့ အားကစား သမား ခန္ဓာကိုယ်လို့ ခေါ်ကြပြီး တစ်တန်းတည်း သွားတဲ့ ခန္ဓာကိုယ် ပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒီ ခန္ဓာကိုယ်အမျိုးအစား ပျိုမေတို့အနေနဲ့ ခန္ဓာကိုယ်ကို Contour လုပ်ပေးတဲ့ အဝတ်အစားတွေ၊ လိုင်းထပ်ထည့်ပေးတဲ့ အမျိုးအစားတွေကို ရွေးသင့်ပါတယ်။ အစင်းကြောင်းဝတ်စုံတွေ၊ ချက်ပြုပ် ဘောင်းဘီတွေကို ရှောင်သင့်ပါတယ်။
Hourglass Shape
Photo source: the concept wardrobe
Hourglass ပိုင်ရှင်တွေကတော့ ခါးနေရာသေးတဲ့ သူတွေ ဖြစ်တာကြောင့် ခါးနေရာပေါ်တဲ့ အဝတ်အစားတွေကို ဝတ်သင့်ပြီး ပွလွန်းတာတွေကို ရှောင်သင့်ပါတယ်။
by MyStyle Myanmar