မင်္ဂလာပါ ပျိုမေတို့ရေ။ Outfit လှလှလေးတွေ ဝတ်ထားရင် တစ်ကိုယ်လုံးပေါ်တဲ့ ဓာတ်ပုံလေးတွေ ရိုက်ချင်လာတာ သဘာဝပါပဲနော်။ ဒါပေမယ့်ဓာတ်ပုံရိုက်တဲ့အခါ ကိုယ်က ပိုစ့်မပေးတတ်ဘဲ တောင့်တောင့်ကြီးနေမိရင် ဝတ်ထားတဲ့ Outfit လည်း ပေါ်သင့်သလောက်မပေါ်တော့သလို ဘယ်လောက်ပဲရိုက်ရိုက် ကိုယ့်ပုံကိုယ် စိတ်တိုင်းမကျနိုင်ဖြစ်နေမှာပါ။ ဒီလိုမဖြစ်ရအောင် ပုံတိုင်းလှပြီး ဝတ်ထားတဲ့ OOTD ဖက်ရှင်လေးလည်းပေါ်စေမယ့် Pose အိုင်ဒီယာတွေကို ပျိုမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ မိန်းကလေးတိုင်းအတွက် အသုံးဝင်မှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

ပထမဆုံး ခြေထောက်တစ်ချောင်းကို ရှေ့ထုတ်ပြီး ဘေးဘက်ကိုကြည့်နေတဲ့ Pose လေးလုပ်ကြည့်ပါ။ ရိုးရိုး Pose လေးပေမယ့် ခြေထောက်လေးသွယ်ပြီး ခြေတံရှည်သလိုမြင်ရစေမှာပါ။

Camera ရှေ့ရောက်ရင် ရှက်တတ်တဲ့သူတွေက ဒီလိုလက်ကလေးနောက်ပစ်ထားတဲ့ Pose လေးပေးပါ။ ချစ်စရာကောင်းပြီး Outifit လေးလည်းပေါ်သလို လက်ဘယ်နားထားရမှန်းမသိတာမျိုးလည်း မဖြစ်တော့ပါဘူး။

ထိုင်ပြီးရိုက်လို့ သင့် OOTD မပေါ်မှာ စိတ်ပူစရာမလိုပါဘူးနော်။ ပုံထဲကလို ခန္ဓာကိုယ်အနည်းငယ်လျှောထိုင်ပြီး ခြေထောက်တွေကိုဆန့်ထားလိုက်ရုံနဲ့ တစ်ကိုယ်လုံးပေါ်တဲ့ အထာကျကျ ဓာတ်ပုံလေးတွေ ပိုင်ဆိုင်နိုင်မှာပါ။

ထိုင်ပြီးရိုက်ရိုက် မတ်တပ်ပဲရိုက်ရိုက် ဆံပင်သပ်နေတဲ့ Pose လေးလုပ်တာက ဘယ်တော့မှမရိုးပါဘူး။ မသိမသာ Snap ရိုက်သလိုပုံစံလေးမြင်ရတာမို့ ဓာတ်ပုံထဲမှာ ပိုပြီးအထာကျစေမှာပါ။

အခုခေတ်လူငယ်မိန်းကလေးတွေအတွက် အထာကျသလို ဆွဲဆောင်မှုလည်းရှိစေမယ့် Pose လေးဖြစ်ပါတယ်။ လုပ်ရမယ့်ပုံစံကလည်း ကိုယ့်ရဲ့ကြည့်ကောင်းတဲ့ အခြမ်းကို Camera ဘက်မျက်နှာမူကာ Squat ထိုင်သလို ထိုင်ချပေးရမှာပါ။ Mirror Selfie အနေနဲ့ရိုက်လို့လည်းလှသလို အပေါ်စီးကရိုက်ရင်လည်း ဝတ်ထားတဲ့ Outfit အပြင် ကိုယ့်ရဲ့ ဖိနပ်၊ Accessories စတာတွေပါ ထင်းနေစေမယ့် အထာကျတဲ့ Pose လေးလို့ ပြောလို့ရပါတယ်။

အိတ်ကပ်ပါတဲ့ဘောင်းဘီလေးဝတ်ထားတဲ့အချိန် လက်ကိုအိတ်ကတ်ထဲထည့်ပြီး Pose ပေးတာမျိုးလုပ်ကြည့်နိုင်ပါတယ်။ Cool Girl စတိုင် အထာကျတဲ့ ပုံစံလေးရစေမယ့်အပြင် သင့်ရဲ့ အမိုက်စား Outfit လေးကိုလည်း Highlight လုပ်ပြီးသားဖြစ်စေပါလိမ့်မယ်။

Photo Source: Pinterest, cosmo.ph, preview.ph

By MyStyle Myanmar