ဆံပင်ပျက်စီးပြီဆိုရင် အများစုက အဖျားနှစ်ခွတွေ ဖြစ်ကြတာပါပဲ။ အဖျားနှစ်ခွဖြစ်တာတွေကို ညှပ်မထုတ်ရင် ပိုဆိုးလာမှာပါ။ အဖျားရှူးပြီး ဆံပင်ကျွတ်တာ၊ ပျက်စီးတာတွေ ပိုဖြစ်လာပါမယ်။ ဒါကြောင့် ဆံပင်အဖျားနှစ်ခွမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ခေါင်းလျှော်ပြီးရင်ညှင်သာစွာကိုင်တွယ်ပါ

ခေါင်းလျှော်တဲ့အခါမှာ shampoo သုံးပြီး conditioner သုံးပေးပါ။ ပြီးရင် ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း သုတ်တာမျိုးတွေ မလုပ်ရပါဘူး။ ဖွဖွလေးသုတ်ပေးပါ။ Dryer သုံးရင်လည်း လေပူမသုံးပဲ လေအေးသုံးပေးပါ။ ဆံပင်ရေစိုနဲ့ ခေါင်းမဖြီးပါနဲ့။ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း မဖြီးပါနဲ့။ အောက်နားကနေ ဖြေးဖြေးချင်းစီ စရှင်းပါ။

Hydrated

ဆံသားမွဲခြောက်နေရင် ဆံပင်နှစ်ခွတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် hydrated ရအောင် ဖြည့်ပေးပါ။ ပုံမှန် hair oil လိမ်းပါ။ Hair mask လေးတွေနဲ့ ပေါင်းတင်ပေးပါ။

အပူချောင်းတွေလျှော့သုံးပါ

ဆံပင်ကို အပူချောင်းတွေနဲ့ ဖြောင့်လိုက်၊ ကောက်လိုက် ခဏခဏလုပ်နေရင် အဖျားတွေ ကျိုးကြေပြီး နှစ်ခွဖြစ်လာမှာပါပဲ။ ဒါကြောင့် အပူချောင်းတွေ လျှော့သုံးပါ။

Silk pillowcase

ခေါင်းအုံးစွပ် pillowcase ကို silk pillowcase သုံးပေးရင် ဆံသားပြတ်ထွက်တာ၊ ငြိတာ၊ အဖျားနှစ်ခွဖြစ်တာတွေ သက်သာစေတယ်၊ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

Hair treatment

ဆံသားကောင်းနေမှ အဖျားနှစ်ခွဖြစ်တာတွေ၊ ပျက်စီးတာတွေ လုံးဝမဖြစ်မှာပါ။ ဒီလိုဖြစ်ဖို့ဆိုရင် hair treatment လေးတွေ ပုံမှလုပ်ပေးဖို့လိုပါတယ်။ ကျန်းမာတဲ့ ဆံကေသာ လှလှလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ hair treatment လုပ်ဖို့ မပျင်းပါနဲ့။