မင်္ဂလာပါပျိုမေတို့ရေ။ သဘာဝအတိုင်း ပန်းရောင်စိုစိုလေးသမ်းနေတဲ့ နှုတ်ခမ်းသားလေးကိုတော့ ပျိုမေတိုင်း လိုချင်ကြမှာပါနော်။ အခုခေတ်မှာ ဒီလိုနှုတ်ခမ်းမျိုးရဖို့ ကိုယ်တိုင်လုပ်လို့ရတဲ့ သဘာဝနည်းတွေရှိနေပြီမို့ ထွေထွေထူးထူးလည်း ပြုပြင်နေစရာမလိုတော့ပါဘူး။ စိုပြေတဲ့နှုတ်ခမ်းသားအတွက်က နှုတ်ခမ်းပေါ်မှာ ဆဲလ်သေတွေရှိမနေဖို့က အရေးအကြီးဆုံးပါပဲ။
အခုဖော်ပြပေးမယ့် သဘာ၀ Scrub နည်းလေးတွေက လုပ်ရလွယ်လွယ်လေးနဲ့ ဆဲလ်သေတွေအားလုံးကို ဖယ်ရှားပေးတဲ့အပြင် နှုတ်ခမ်းအစိုဓာတ်လည်းဖြည့်ပေးတာမို့ နှုတ်ခမ်းသားလေးကို အမြဲပန်းနုရောင်သမ်းပြီး စိုစိုအိအိလေး ဖြစ်နေစေမှာပါ။ ဒီတော့ သင်ကိုယ်တိုင်လည်းလုပ်ကြည့်လို့ရမယ့် Scrub နည်းလေးတွေကို ကြည့်လိုက်ရအောင်-
၁။ Coffee နဲ့ သံလွင်ဆီ
ကော်ဖီမှာ အရေပြားအတွင်းပိုင်းအထိ ဆဲလ်သေတွေဖယ်ရှားပြီး ချွေးပေါက်တွေကိုပါသန့်စင်ပေးနိုင်တဲ့ အာနိသင်ပါဝင်သလို သံလွင်ဆီကို နှုတ်ခမ်းအတွက်သုံးပေးတာက အစိုဓာတ်ရပြီး နှုတ်ခမ်းအိအိလေးဖြစ်စေပါတယ်။ ဒီနည်းမှာတော့ နှစ်မျိုးကို တစ်ဇွန်းစီဆတူရောပြီး နှုတ်ခမ်းသားပေါ်လိမ်းပေးကာ နှစ်မိနစ် သုံးမိနစ်လောက်ထားပေးပါ။
၂။ သကြားနဲ့ ပျားရည်
သကြားနဲ့ပျားရည်ပေါင်းထားတဲ့နည်းက နှုတ်ခမ်းကဆဲလ်သေတွေဖယ်ရှားပြီး နှုတ်ခမ်းသားဖူးဖူးလေးဖြစ်စေမယ့် အထိရောက်ဆုံး Scrub လို့ပြောလို့ရပါတယ်။ ပျားရည်နဲ့ သကြား စားပွဲတင်ဇွန်းတစ်ဇွန်းစီကို ရောပြီး နှုတ်ခမ်းပေါ်မှာ သကြားတွေပျော်ဝင်လာတဲ့အထိ ပွတ်ပြီးလိမ်းပေးထားပါ။ ရေပြန်ဆေးချပြီးတာနဲ့ နှုတ်ခမ်းလေးပြည့်ပြီး သန့်စင်သွားတာကို တွေ့ရပါလိ့်မ်မယ်။ ပျားရည်က နှုတ်ခမ်းအတွက်လိုအပ်တဲ့အစိုဓာတ်ကိုဖြည့်ပေးပြီး သကြားက နှုတ်ခမ်းကွဲကာ ခြောက်သွေ့နေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။
၃။ Cocoa မှုန့်နဲ့ ဗာဒံဆီ
ဗာဒံဆီရဲ့ ဗီတာမင် E က သင့်နှုတ်ခမ်းကိုအစိုဓာတ်ပြည့်ပြီး နူးညံ့စေပါတယ်။ Cocoa မှုန့်ကလည်း သုံးပြီးနောက် နှုတ်ခမ်းဖူးဖူးလေးဖြစ်သွားစေတာမို့ သူတို့နှစ်ခုကိုရောပြီး နှုတ်ခမ်းပေါ်မှာ ငါးမိနစ်လောက်ထားကာ ပေါင်းတင်ပေးတာမျိုး လုပ်ကြည့်ပေးပါ။
၄။ အုန်းဆီနဲ့ Pink Salt
Pink Salt ကလည်း နှုတ်ခမ်းခြောက်တာတွေ၊ ကွဲအက်တာတွေကိုသက်သာစေတဲ့ သဘာဝပစ္စည်းတွေထဲတစ်မျိုးအပါအဝင်ပါပဲ။ Pink Salt နဲ့ အုန်းဆီတို့ကို တစ်ဇွန်းဆီရောပြီး ခေါင်းလျှော်ခါနီး စမ်းလိမ်းကြည့်ပါ။ Pink Salt ဆားပါတာမို့ ကြမ်းကြမ်းတမ်းတမ်းမပွတ်မိအောင်တော့ သတိထားပေးဖို့လိုပါတယ်။
၅။ သကြားနဲ့ သံပယိုရည်
သံပယိုရည်က နှုတ်ခမ်းညိုမဲတာတွေကို သက်သာစေလို့ ပန်းရောင်သမ်းတဲ့နှုတ်ခမ်းလေးလိုချင်သူတိုင်းအတွက် အံကိုက်ပါပဲ။ သံပယိုရည်ကို သကြားတစ်ဇွန်းနဲ့ရောပြီး နှုတ်ခမ်းမှာ စက်ဝိုင်းပုံလှည့်ပြီး Scrub တိုက်ပေးပါ။ မိနစ်နည်းနည်းလောက်ထားပြီး ရေဆေးချလိုက်ရုံပါပဲ။ သုံးပြီးတဲ့နောက် Lip Balm လေးထပ်လိမ်းပေးရင် ပိုကောင်းပါတယ်နော်။
Photo Source: Pinterest
By MyStyle Myanmar