Depression ဝင်တာက ကြာလာတာနဲ့အမျှ ဆိုးကျိုးတွေဖြစ်လာတာပါပဲ။ အချိန်ကြာကြာ Depression ဝင်နေတဲ့သူတစ်ယောက်က ဒီဒဏ်တွေကိုမခံနိုင်တော့ရင်၊ ဘာဆက်လုပ်ရမလဲဆိုတာကို မသိတော့ရင်၊ ရင်ဆိုင်ဖို့အတွက် အားအင်တွေမရှိတော့ရင် နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတတ်ပါတယ်။

ဒါကြောင့် Depression ဝင်လာပြီဆိုတာနဲ့ ဒီအရာ ၃ ခုကိုသာ လုပ်ကြည့်ပါ။ Depression ဝင်တဲ့အခြေအနေ ပိုဆိုးမလာတော့ပဲ စိတ်သက်သာရာ ရသွားပါလိမ့်မယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့အရာတွေပါပဲ။ ဒါကြောင့် try ကြည့်ပေးပါ။

Social Media မသုံးပါနဲ့

Depression ဝင်တဲ့အချိန်မှာ social media သုံးရင် အခြေအနေပိုဆိုးစေပါတယ်။ အကောင်းအတိုင်းရှိနေတဲ့သူကိုတောင် စိတ်ပင်ပန်းအောင်၊ စိတ်တိုဒေါသထွက်အောင်၊ depression ဝင်အောင် လုပ်နိုင်တာက social media ပါပဲ။ ဒါကြောင့် social media မသုံးပဲ စာအုပ်လေးဖတ်၊ အေးဆေးအနားယူပြီး နေကြည့်ပေးပါ။

ကိုယ့်ကိုယ်ချစ်တဲ့သူ၊ ကိုယ့်မိသားစုနဲ့အတူနေပါ

Depression ဝင်နေရင် တစ်ယောက်ထဲပဲနေချင်ကြတာ များပါတယ်။ တစ်ယောက်ထဲနေရင် အတွေးတွေများပြီး ပိုဆိုးစေပါတယ်။ အားငယ်စိတ်တွေပါ ဝင်လာစေပါတယ်။ ဒါကြောင့် တစ်ယောက်ထဲမနေပဲ ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ့်မိသားစုတွေနဲ့ တူတူနေပြီး အချိန်တွေကုန်ဆုံးပါ။ သူတို့တွေက ကိုယ့်အတွက် အားဖြစ်စေပါတယ်။ ကိုယ့်အတွက် စိတ်သက်သာရာရစေပါတယ်။

ခရီးသွားပါ

ခရီးသွားတာက စိတ်အပန်းဖြေဖို့အတွက် အကောင်းဆုံးအရာပါ။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်နေတာတွေ depression တွေ အားလုံးကို ယူပစ်လိုက်သလို လျော့ကျသွားစေပါတယ်။ ဒါကြောင့် အဆင်ပြေရင် အချိန်ကြာကြာ ခရီးထွက်လိုက်ပါ။ အေးချမ်းပြီး ကိုယ်မရောက်ဖူးသေးတဲ့ နေရာလေးတွေကို ဦးစားပေးပြီး သွားကြည့်ပါ။