ဆံပင်စတိုင်နဲ့ ပတ်သက်ရင် ကိုးရီးယားမလေးတွေက ဆန်းသစ်သလို ဂျပန်မလေးတွေကလည်း ထူးခြားပါတယ်။ အရင်က ဂျပန် ဆာမူရိုင်း ကေ ပေါ်ခဲ့ဖူးတာကို သင် ကြားဖူးနားဝ ရှိမှာပါ။ ဆံပင်စတိုင်နဲ့ ပတ်သက်ရင် ဂျပန်က အမျိုးသမီးတွေကလည်း ခေတ်ရှေ့ပြေးကြပါတယ်။

သင့်မျက်နှာလေးက ဂျပန်မလေးတွေရဲ့ မျက်နှာနဲ့ ဆင်တူရင်တော့ ဒီအကြောင်းအရာက သင့်အတွက် ဖန်တီးထားတဲ့ အကြောင်းအရာပါပဲ။ သင်က အပြောင်းအလဲ ဖြစ်ချင်လို့ ဆံပင်တို ညှပ်တာဆိုရင်တော့ ဂျပန်မလေးတွေရဲ့ ဆံပင်တို စတိုင်တွေကို နမူနာ ယူနိုင်ပါတယ်။

၁။ ဆံပင်တိုကိုမှ အထဲကို ကွေ့ဝိုက်သွားတဲ့ စတိုင်က မျက်နှာသေးတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မှာပါ။

၂။ Hair Bang အရှည်ထားကာ ဆံပင်ညှပ် ချင်တဲ့ မိန်းကလေးတွေ ညှပ်နိုင်တဲ့ ပုံစံ ဖြစ်ပါတယ်။

၃။ မေးစေ့ နဲ့ ကွက်တိကျတဲ့ ဆံပင်စတိုင်က သင့်ကို အသက်ပိုငယ်သွားတယ် ထင်ရစေပါတယ်။

၄။ Sexy ကျကျ လန်းချင်တယ်ဆိုရင်တော့ ဆံပင်ကို ပုံထဲကလို အပွပုံစံလေး ညှပ်တာက အသည်းယားဖို့ ကောင်းပါတယ်။

၅။ ဂုတ်ထောက် ဆံပင်စတိုင်က ကိုယ့်ကိုယ်ကိုယ် အပြောင်းအလဲ လုပ်ချင်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်မှာပါ။

၆။ ဆံပင်ကို Perm လုပ်လိုက်တာက အမြင်ဆန်းသွားစေပြီး ပိုပုံစံ ကျသွားစေနိုင်ပါတယ်။

၇။ ယောက်ျားလေးဆန်ဆန် စတိုင် နှစ်သက်တယ်ဆိုရင် ဒီဂျပန်မလေးလို ညှပ်နိုင်ပါတယ်။

၈။ အရင်ခေတ် ဆံပင်တို စတိုင်တွေကို Inspire လုပ်ချင်တယ်ဆိုရင်တော့ ဒီဆံပင်တို ပုံစံကို ချန်ထားလို့ မရပါဘူး။

၉။ ရှေ့ Curtain Bang နဲ့ ဆံပင်တို စတိုင်ကလည်း သင့်ကို ပိုလှစေမှာပါ။

၁၀။ “I’m the boss of my life” ဆိုတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် ဆံပင်တို ပုံစံ

၁၁။ မျက်နှာ Squared Shape ရှိတဲ့ ပျိုမေတို့နဲ့ပါ လိုက်ဖက်မယ့် ဆံပင်တို ပုံစံ ဖြစ်ပါတယ်။

၁၁။ အတိုကိုမှ အထပ်ကေ ညှပ်ချင်ပါတယ် ဆိုတဲ့ ကောင်မလေးတွေ အတွက်

၁၂။ ဆံပင်အတိုကိုမှ အဝိုက်လေးနဲ့ ချစ်ဖို့ကောင်းစေမယ့် အတို စတိုင်

Photo Source: Pinterest

By MyStyle Myanmar