လူငယ်ကောင်မလေးတွေအတွက် လှပပြီး ချစ်ဖို့ကောင်းတဲ့ hairstyles 5 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ပြင်ဆင်ရတာလည်း အရမ်းလွယ်ကူတဲ့ hairstyles လေးတွေပါ။
Hairstyle 1
Claw clip လေးနဲ့ ဆံပင်လှန်တင်တာမျိုးကတော့ ခေတ်စားနေတဲ့ hairstyle လေးပါပဲ။ ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိပြီးလှတဲ့ hairstyle လေးပါ။
မျက်မှန်လေးတပ်ပြီး ရှိုးထုတ်ရင်လည်း မိုက်နေတာပါပဲ။
Claw clip ဒီဇိုင်းမျိုးစုံနဲ့ တပ်လို့ရတော့ လှလှလေးတွေသာ ရွေးဝယ်ထားလိုက်တော့နော်။
Hairstyle 2
တစ်ဝက်စည်းတာလေးကတော့ မိန်းကလေးဆန်ပြီးလှတဲ့ hairstyle လေးပါ။ ဆံပင်ကို ရိုးရိုးတစ်ဝက်မစည်းပဲ အလိမလေးလုပ်ပြီးမှ ကလစ်လှလှလေးတွေနဲ့ ညှပ်ပါ။
Hairstyle 3
ဆံပင်ကို အနောက်မှာ ဒီလိုဆံထုံးလေးထုံးတာလည်း ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။
ခေါင်းစည်းကြိုးလှလှလေးတွေ ပတ်လိုက်ရင်လည်း တစ်မျိုးလေးလှသွားတာပါပဲ။
Hairstyle 4
ကျစ်ဆံမြီးကို ဒီလိုဘေးတစ်စောင်းလေးကျစ်တာက အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ဒုတိယပုံထဲကလို ကလစ်လှလှလေးတွေညှပ်လို့လည်း ရသေးတယ်နော်။
Hairstyle 5
နောက်ဆုံး hairstyle လေးကတော့ လူငယ်ဆန်ဆန် အထာကျကျလေးနဲ့ ချစ်ဖို့ကောင်းနေမယ့် hairstyle လေးပါ။
ရှင်းရှင်းလေးဖြစ်နေတာသိပ်မကြိုက်ရင် ထိပ်နားမှာ ဒီလိုကလစ်သေးသေးလေးတွေ တပ်လို့လည်းရသေးတယ်နော်။