ဘယ်သူမဆို ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အချစ်မျိုးကိုပဲ့ ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ့။ ဒါပေမယ့်လည်း တွေးမိတိုင်း ကျေနပ်စရာကောင်းလောက်တဲ့ Relationship မျိုး ပိုင်ထားတဲ့ စုံတွဲတွေဆိုတာက တော့်တော်လေးကို ရှာမှရှားပါပဲ့နော်။ ဒါကြောင့် ပျော်ရွှင်ကြည်နူးခြင်းတွေပြည့်နှံနေတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားသင့်တယ်နော်။

အမြဲယုံကြည်ပြီး သူ့အတွက် ရပ်တည်ပေးပါ

ကိုယ့်ချစ်သူကို ယုံကြည်တဲ့စိတ်နဲ့ ဆက်ဆံဖို့က သိပ်ကိုအရေးကြီးပါတယ်နော်။ သူပြောတာကို အလေးအနက် နားထောင်ပေးဖို့ ၊ သူ့ဘေးမှာ ရပ်တည်ပြီး ပြဿနာကို အတူရင်ဆိုင်ဖို့ဆိုတာ အချစ်ရေး ခိုင်မာပျော်ရွှင်ခြင်းရဲ့အနှစ်သာရပါပဲ။

ဂရုတစိုက် ရှိနေပေးပါ

ချစ်ရင်ပြီးတာပဲ့ဆိုပြီး ဂရုစိုက်မှုနဲ့ အကြင်နာတွေ မပြရင်လည်း ရေရှည်မှာ အဖုအထစ်လေးတွေ ဖြစ်လာနိုင်ပါတယ်။ ချစ်သူကို ဂရုစိုက်တယ်ဆိုတာ ချစ်စကားတွေ တီတီတာတာ ပြောရုံနဲ့တင် မလုံလောက်ပါဘူး။ လိုအပ်ချိန်တိုင်း အားပေးဖို့အဆင်သင့်ရှိနေပေးတာမျိုး ၊ သတိတရနဲ့ အမှတ်တရတွေ ဖန်တီးပေးတာမျိုးတွေက ချစ်သူတွေကြားမှာ အမြဲတမ်း လိုအပ်နေတဲ့ အရာတစ်ခုပါပဲ့။

အမြဲသပ်ရပ်လှပနေအောင် နေထိုင်ပါ

ချစ်သူစုံတွဲတွေအနေနဲ့ သမီးရည်းစားဘဝမှာလည်း အရင်ကလို သားသားနားနား သပ်သပ်ရပ်ရပ် နေတတ်ဖို့ လိုပါတယ်။ ရည်းစားရပြီးနောက်ပိုင်း ဗိုက်ခေါက်ကြီးတွေ ထွက်ပြီး ဝဖိုင့်ဖိုင့်ကြီးဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် Confident နည်းလာသလို အချစ်ရေးမှာလည်း ထိခိုက်လာနိုင်ပါတယ်နော်။

အသေးအမွှားလေးကစ ချီးမွမ်းပေးဖို့လည်း မမေ့နဲ့နော်

ချီးမွမ်းခြင်းဟာ ဂုဏ်ပြုခြင်း ဖြစ်သလို မုဒိတာနဲ့ ချည်နှောင်ခြင်းလည်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ကိစ္စလေးတွေမှာတောင် အကောင်းဘက်က မြင်တတ်ပြီး ကိုယ့်ချစ်သူကို ချီးကျူးတတ်မယ်ဆိုရင် ပျော်စရာ Relationship တစ်ခု ဖြစ်လာမှာပါ။