အားလုံးပဲ မင်္ဂလာပါ။ ပျိုမေတို့ထဲမှာ လက်သည်းခွံဝိုင်းတဲ့သူတွေ၊ လက်သည်းအရှည်ကိုမှ ဘေးဘက်ဝိုက်ဝိုက်လေးရအောင် ပုံသွင်းထားတဲ့သူတွေရှိကြလား။ ဒီလို လက်သည်းဝိုင်းဝိုင်းလေးတွေက လက်သည်းနီဆိုးလို့လည်းကောင်းသလို လက်သည်းပုံဖော်လို့လည်း အရမ်းလှပါတယ်။ ဘေးအဝိုက်လေး ဖြစ်တာမို့ လက်သည်းအချွန်တွေလောက်လည်း ကျိုးပဲ့မလွယ်ပါဘူးနော်။ ဒီလိုလက်သည်းပိုင်ရှင်တွေအတွက် Inspire ယူပြီးဆိုးလို့ရမယ့် လက်သည်းဒီဇိုင်းဆန်းဆန်းလေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပါ။ ပျိုမေတိုင်းအကြိုက်တွေ့စေမယ့် ခေတ်မှီပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေဖြစ်တာမို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

အရောင်နုနုလေးတွေစပ်ထားတဲ့ ဒီပုံစံလေး Try ကြည့်ပါ။ လက်ကလေးထင်းပြီး အသားဆောင်စေမှာပါ။


လက်သည်းရှည်နေတဲ့အပိုင်းမှာတစ်ရောင် အောက်ကိုတစ်ရောင်ပေါင်းဆိုးပေးရတဲ့ ပုံစံလေးကလည်း ဘယ်တော့မှ မရိုးတဲ့ဒီဇိုင်းလေးပါ။


မတူတဲ့ဒီဇိုင်းလေးတွေပေါင်းပြီးဆိုးကြည့်ပါ။ လက်သည်းရှည်တဲ့သူရော ၊ အတိုပဲထားတတ်တဲ့သူတွေနဲ့ပါ လိုက်ဖက်ပြီး ချစ်စရာလည်းကောင်းပါတယ်။

ပန်းပွင့်သေးသေးလေးတွေနဲ့ပုံဖော်ထားတဲ့ ဒီဇိုင်းကလည်း လက်သည်းဝိုင်းဝိုင်းလေးတွေနဲ့ အရမ်းလိုက်ပါတယ်။


Glitter နဲ့အရောင်ပြေးလေးတွေစပ်ထားတဲ့ ပုံစံဆိုးကြည့်ပါ။ ထွေထွေထူးထူးပုံဖော်စရာမလိုဘဲ အရမ်းလှသလို သင့်လက်ကလေးကို ပိုတောက်သွားစေမှာပါ။


လှိုင်းတွန့်နဲ့ မျဉ်ကြောင်းလေးတွေပုံဖော်ထားတဲ့ ဒီဇိုင်းမျိုးကလည်း တော်တော်များများဆိုးလေ့ရှိတဲ့ပုံစံလေးပါ။ သင်က လက်သည်းဝိုင်းတဲ့သူဆိုရင်တော့ အောက်မှာပြထားတဲ့ ဒီဇိုင်းလေးတွေကို စမ်းကြည့်သင့်ပါတယ်။

Photo Source: Pinterest, instyle.com

By MyStyle Myanmar