Self-care နည်းလမ်းတွေက သင့်ရဲ့ အဆင်မပြေတဲ့ နေ့ရက်တွေ၊ စိတ်အလိုမကျမှုတွေ၊ စိတ်ဆင်းရဲမှုတွေကနေ ခဏတဖြုတ် Escape လုပ်နိုင်မယ့် အရာတွေပါပဲ။ ဒီလို Self-care နည်းလမ်းတွေကို ပုံမှန်လုပ်သွားရင် သင့်ကိုယ်သင်လည်း အရင်ထက် ပိုချစ်လာပါလိမ့်မယ်။ ဒါ့အပြင် ဘယ်အရာကို လုပ်ရင် သင်ပိုပျော်ရွှင်လဲ သိလာပါလိမ့်မယ်။ ဘဝမှာ အချိန်အများစုက ကိုယ်တစ်ယောက်တည်း ဖြစ်တာမို့ တစ်ယောက်တည်း နေတတ်ဖို့ လေ့ကျင့်သင့်ပြီး Self-Care နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ချမ်းအေးတဲ့ ဆောင်းနေ့တွေမှာ ဘယ်သူ့ကို သတိရမှန်းမသိ သတိရနေတာမျိုး မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ သတိရနေစေဖို့ Self-care နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ Candle တွေကို သုံးကြည့်ပါ

အနံ့ပါတဲ့ ဖယောင်းတိုင်တွေက စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို လျော့ကျစေပြီး စိတ်ပေါ့ပါးကာ စိတ်ကျန်းမာရေးအတွက် သင့်တော်တယ်လို့ သိပ္ပံနည်းအရ အတည်ပြုထားကြပါတယ်။ ဆောင်းရာသီမှာ အနံ့ပါတဲ့ Scented Candle တွေက အသုံးဝင်မှာပါ။

၂။ အိမ်တွင်းအပင်တွေ စိုက်ပါ

နောက်ထပ် ဆောင်းတွင်း Self-care နည်းလမ်းကတော့ အပင်လေးတွေ စုတာပါ။ ဒီလို အပင်တွေထဲကမှ ကိုယ်နဲ့ အနီးကပ်ရှိနေမယ့် House plant တွေကို စိုက်သင့်ပါတယ်။ အပင်တွေနဲ့ နီးနီးကပ်ကပ်နေတာက သင့်စိတ်ကို ပိုပျော်စေပါလိမ့်မယ်။

၃။ Cocoa ပူပူလေး တစ်ခွက်သောက်ပါ

Cocoa က ခန္ဓာကိုယ်တွင်း ကိုလက်စထရောဓာတ်ကို လျော့ကျစေပြီး အယောင်အယမ်း ကျစေပါတယ်။ ဒါပေမဲ့ Cocoa ကို ချောကလက်နဲ့ ရောတာမျိုး မလုပ်သင့်ပါဘူး။ Cocoa ပူပူလေးတစ်ခွက်က သင့်ကို ဆောင်းတွင်းမှာ နွေးထွေးစေပါလိမ့်မယ်။

၄။ စာအုပ်ဖတ်ပါ

ချမ်းအေးတဲ့ အချိန်မှာ လုပ်န်ိုင်တဲ့ Self-care နည်းလမ်းတစ်ခုကတော့ စာအုပ်ဖတ်တာပါ။ ရာသီဥတု မပူလွန်းတာကြောင့် စာအုပ်ဖတ်ရတာ ငြိမ့်ငြိမ့်လေးနဲ့ ဖတ်လို့ကောင်းမှာ မလွဲမသွေပါပဲ။

၅။ အစိုဓာတ်ထိန်းခရင်ကို ဂရုတစိုက်လိမ်းပါ

ဒီအချက်ကတော့ အသားအရေကို သိပ်ဂရုမစိုက်တဲ့ ကောင်မလေးတွေ အတွက်ပါ။ ထွေထွေထူးထူး မဟုတ်ရင်တောင် ဆောင်းရာသီမှာတော့ Moisturizer တစ်မျိုးလောက်ကို အနည်းဆုံး သုံးပေးသင့်ပါတယ်။

၆။ နွေးနွေးထွေးထွေးနေပါ

ကံဆိုးတဲ့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်သင့်ပါတယ်။ ဒီလိုပဲ ချမ်းအေးတဲ့ နေ့တွေမှာ နွေးနွေးထွေးထွေး ဖြစ်တာလေးတွေ ဝတ်ဖို့လည်း မမေ့သင့်ပါဘူး။ အဓိကက ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်မိဖို့ပါ။

၇။ သင့်ကိုယ်သင် ကျွေးမွေးပါ

ရာသီဥတုအေးတဲ့ ပိတ်ရက်တွေမှာ သင်နှစ်သက်တဲ့ အစားအသောက်တွေနဲ့ သင့်ကိုယ်သင် ပြုစုဖို့ လိုအပ်ပါတယ်။ ဒါကလည်း Self-care နည်းလမ်းပါပဲ။ အရသာ ရှိတဲ့ အစားအသောက်တွေက သင့် ခန္ဓာကိုယ်ကို နွေးထွေးစေပါလိမ့်မယ်။

၈။ Card လေးတွေ ပို့ပါ

ကိုယ် ချစ်ရတဲ့သူတွေ၊ မိသားစုဝင်တွေကို ကိုယ်ပြောချင်တဲ့ စကားလေးတွေ ရေးကာ Card ပို့နိုင်ပါသေးတယ်။ ဆောင်းရာသီမှာ လေထုကြောင့် တစ်ယောက်ယောက်ကို လွမ်းလာတဲ့အခါ ဒီ Card ပို့တဲ့ နည်းလမ်းက ထိရောက်မှာပါ။

၉။ ကွတ်ကီး လေးတွေ လုပ်ပါ

ကွတ်ကီး မဟုတ်ရင်တောင် သင်နှစ်သက်တဲ့ မုန့်တစ်မျိုးကို Self-care လုပ်တဲ့အနေနဲ့ ဖန်တီးနိုင်ပါတယ်။ ကိုယ်တိုင်လုပ်တဲ့ အရာတွေက ကိုယ့်ကိုယ်ကိုယ် အားကိုးလာနိုင်ဖို့ ပံ့ပိုးပေးနိုင်တဲ့ အရာတွေပါပဲ။

Photo source: Pinterest

By MyStyle Myanmar