“Teen Queen” တစ်ယောက် မဟုတ်တော့ပေမယ့် Kathryn Bernardo က အသက် ၂၅ ကျော်တဲ့အထိ ကမ်းလှမ်းမှုတွေ အများအပြားကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ သူမနဲ့ လက်တွဲက ကြော်ငြာရိုက်ချင်တဲ့ ကုမ္ပဏီတွေက ဒုနဲ့ဒေးပါပဲ။ Kathryn Bernardo က Instagram ပေါ်မှာ Brand ပစ္စည်း တွေရဲ့ ကြော်ငြာ တွေကို Hashtag နဲ့ တင်ပေးတတ်ပါတယ်။ ဒီလိုတင်ပေးမှပဲ သူမက ပစ္စည်း ကြော်ငြာနေတာလားဆိုပြီး သိရတဲ့အထိပါပဲ။ သူမက ကြော်ငြာကို တမင် ကြော်ငြာတယ် မထင်ရအောင် လှည့်စားနိုင်သူပါပဲ။ ဒီတော့ သူမရဲ့ Instagram ပေါ်က ပို့စ်တွေကို ကြည့်လိုက်ရအောင်-

ကြည့်ကြည့်ချင်းတော့ Kathryn က Ootd ပုံတင်တယ်လို့ ထင်ရမှာပါ။ ဒါပေမဲ့ သူမလက်ထဲက ရေဘူး Brand ကို ကြေညာနေတာပါ။

KFC ကြက်သား sandwich ကို သူမလို လှလှပပ စားချင်မိပါရဲ့

ပုံမှန် ဟင်းသီးဟင်းရွက် Shopping ထွက်နေတဲ့ Kathryn လို့ ထင်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ သူမက စတိုးဆိုင်ကို ကြေညာနေတာပါ။

ကိုယ်ကြော်ငြာတဲ့ Brand နဲ့ လိုက်ဖက်အောင် ဝတ်တတ်တဲ့ Kathryn Bernardo ပါ။ ဒါကတော့ Luggage အိတ် ကြေညာတာပါ။

မှန်နဲ့ Kathryn Bernardo ရဲ့ ပုံရိပ်ကို Snapshot ရိုက်ထားတယ် ထင်ရပေမယ့် တကယ်တော့ Panasonic speakers ကို ကြေညာနေတာပါ။

Kathryn က ပုံမှန် ဓာတ်ပုံတွေအပြင် Creative Idea ကောင်းကောင်းနဲ့ ဓာတ်ပုံတွေကို Collage လုပ်ပြီးတော့လည်း တင်တတ်ပါတယ်။ ဒါက Sneaker ကြော်ငြာပါ။

တစ်ခါတလေ Kathryn ရဲ့ အချစ်တော်ခွေးလေး Cloud ကလည်း ကြော်ငြာ ဝင်ရိုက်ပေးတတ်ပါသေးတယ်။ သူမက ဒီထဲမှာတော့ ဖုန်း Service ကို ကြော်ငြာပေးနေတာပါ။

ဒီလို ပုံမျိုးက Magazine Cover ရိုက်နေတယ်လို့ ထင်ရစေပါတယ်။ တကယ်တော့ Fitness ပစ္စည်း Slimming Corsets PH ကို ပြသနေခြင်းပါ။

Kathryn က ဒီပုံထဲမှာ Ootd Fashion ကို ပြချင်တာလား၊ သူမရဲ့ ပြစ်မျိုးမှဲ့မထင် ဂျိုင်းကြား အသားအရေကို ပြချင်တာလား ခွဲမရပါဘူး။ တကယ်တော့ Nivea deodorant ကို ကြေညာနေတာပါ။

Kathryn လေးက Close Up အနီးကပ် အလှအပကိုလည်း ပြသဖို့ ပျက်ကွက်လေ့မရှိပါဘူး။ ဘာကြော်ငြာနေတာလဲဆိုတော့ မျက်ကပ်မှန်ပါ။

ကြော်ငြာတစ်ခုကို ကြော်ငြာမှန်း မထင်ရအောင် ဖန်တီးတတ်ခြင်းကလည်း Social Media Influencer တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။ ဖိလစ်ပိုင် မင်းသမီး Kathryn Bernardo ကတော့ ဒီအရည်အချင်းနဲ့ ပြည့်မှီပါတယ်။

Source: Preview

by MyStyle Myanmar