ရေကူးဝတ်စုံလေးတွေက ကမ်းခြေခရီးနဲ့ အလိုက်ဖက်ဆုံးဖက်ရှင်လေးတွေဖြစ်ပါတယ်နော်။ ကမ်းခြေနဲ့ ရေကူးကန်စတဲ့နေရာတွေ သွားတဲ့အခါ ရေကူးဝတ်စုံလှလှလေးတွေ ဝတ်ပေးတာက ပေ့ါပါးလွတ်လပ်သလို ဓာတ်ပုံရိုက်လို့လည်း အရမ်းလှပါတယ်။ သင်က ဒီလိုနေရာတွေသွားရင်း ရေကူးဝတ်စုံလေးတွေဝတ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိသလို ချစ်စရာလည်းကောင်းစေမယ့် Swimsuit ဖက်ရှင်အိုင်ဒီယာလေးတွေကို သိထားဖို့ လိုပါတယ်နော်။

ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် ကိုယ်နဲ့လိုက်မယ့် ရေကူးဝတ်စုံဒီဇိုင်းလေးတွေ ရွေးချယ်နိုင်ဖို့ Swimsuit ဖက်ရှင်လှလှလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်ပါ။

Jumpsuit ပုံစံအပေါ်အောက်တစ်ဆက်တည်း Swimsuit လေးတွေဝတ်ကြည့်ပါ။ ခန္ဓာကိုယ်အချိုးအစားပေါ်ပြီး ချစ်စရာလည်းကောင်းပါတယ်။

Bra လှလှလေးတွေနဲ့တွဲဝတ်တာက သင့် Swimsuit ကိုပုံစံဆန်းသွားစေပါတယ်။ ဒီလိုလက်အတွန့်ပါတဲ့ အပေါ်အင်္ကျီပုံစံလေးနဲ့တွဲဝတ်ကြည့်ပါ။

လက်ပြတ်အကျီအတိုပုံစံနဲ့တွဲဝတ်တာကလည်း ရင်ဘက်အရမ်းမပေါ်အောင်ဝတ်ချင်သူတွေအတွက် သင့်တော်ပါတယ်။ ရိုးရိုးလေးနဲ့ လှနေမှာပါ။

Bra အပေါ်က အင်္ကျီအပါး၊ အကပ်လေးတစ်ထပ်နဲ့တွဲဝတ်တာကလည်း သင့်ကိုပိုစတိုင်ကျစေမှာပါ။

နောက်ထပ်ဝတ်သင့်တဲ့ ဒီဇိုင်းလေးကတော့ ကြိုးတစ်လုံး Bra လေးတွေနဲ့တွဲဝတ်တာပါ။ ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးရစေပါတယ်။


သင့်အနေနဲ့ Bikini ဘောင်းဘီအကပ်မျိုးမဝင်ချင်ဘူးဆိုရင် ဒီလိုသရေကြိုးဘောင်းဘီတိုလေးတွေနဲ့ ပေါ့ပေါ့ပါးပါးဝတ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

အမြင်အရမ်းမရိုင်းဘဲ ကမ်းခြေ Vibe အပြည့်ရအောင် Bikini ဘောင်းဘီအပေါ်မှာ ပုဝါလေးနဲ့ပတ်ထားတာမျိုး လုပ်ကြည့်ပါနော်။ ဒီလိုပုံစံကိုမှ ကမ်းခြေဦးထုပ်လေးတွေနဲ့တွဲဝတ်ပေးလိုက်ရုံနဲ့ ပြည့်စုံတဲ့ နွေရာသီကမ်းခြေဖက်ရှင်လေးကို ရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar