ခေါင်းလျှော်ပြီးရင် ဆံပင်ရေစိုနဲ့နေတာတောင် မကောင်းပါဘူး။ အိပ်ရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီး ဆံပင်မခြောက်သေးပဲ အိပ်တဲ့အခါမှာ ဖြစ်လာမယ့်ဆိုးကျိုးတွေကို ပြောပြပေးလိုက်ပါတယ်။

ဦးခေါင်းကျန်းမာရေးထိခိုက်ခြင်း

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်ရင် ဦးရေပြားကျိန်းစပ်တာမျိုး ဖြစ်တတ်ပါတယ်။ ခဏခဏဆိုရင်တော့ ဦးခေါင်းကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရပါတယ်။

ဆံပင်ရှုပ်ထွေးခြင်း

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်ရင် ဆံပင်တွေ ပိုရှုပ်ထွေးပြီး ရှင်းရခက်ပါတယ်။ ဆံသားငြိတာ၊ ထုံးတာတွေလည်း ဖြစ်တတ်ပါတယ်။ ခေါင်းဖြီးတဲ့အခါမှာလည်း ဆံသားအရမ်းနာပါတယ်။

ခေါင်းကိုက်ခြင်း

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်ရင် ခေါင်းကိုက်လာပါလိမ့်မယ်။ ခေါင်းအုံပြီး ခေါင်းမကြည်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

ဆံသားပျက်စီးခြင်း

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်ရင် ဆံသားဖွာပြီး ပျက်စီးပါတယ်။ ခေါင်းလျှော်ပြီးရင် ဆံပင်ကို သေချာခြောက်အောင်သုတ်ပြီး hair serum တွေလိမ်းပေးမှသာ ဆံသားပျက်စီးမှုနည်းမှာပါ။

ဆံပင်ကျွတ်ပြီးဦးရေပြားပါးခြင်း

ခဏခဏကို ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့အိပ်နေမယ်ဆိုရင်တော့ ကြာလာတဲ့အခါမှာ ဆံပင်ကျွတ်ပြီး ဦးရေပြားပါးတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ဆံပင်နှစ်ခွဖြစ်ခြင်း

ဆံပင်ရေစိုနဲ့ အိပ်တာတွေက ဆံပင်နှစ်ခွဖြစ်စေပါတယ်။ ဆံပင်အဖျားရှူးစေပါတယ်။ အရေပြား sensitive ဖြစ်တတ်တဲ့သူတွေဆိုရင် ဦးရေပြားနီရဲတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။