အားကစားနဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်မလုပ်ပေးနိုင်ရင်တောင်မှ နေ့တိုင်း ကြိုးခုန်တာမျိုးတော့ လုပ်ပေးသင့်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်လောက် မနက်စောစော (သို့) ညနေပိုင်းမှာ လုပ်ပေးရင် အကောင်းဆုံးပါပဲ။ ပုံမှန်ကြိုးခုန်ပေးမယ်ဆိုရင် သင့်အတွက် ဒီလိုကောင်းကျိုး ၆ ခု ရရှိလာမှာပါ။

ဝိတ်ကျစေခြင်း

ဝိတ်ကျဖို့အတွက် လေ့ကျင့်ခန်းတွေ များများစားစား မလုပ်နိုင်ဘူးဆိုရင် ကြိုးခုန်ပါ။ ကြိုးခုန်တာက ကိုယ်ရည်စစ်ပြီး ဝိတ်ကျတာလည်း သိသာပါတယ်။ ၁၀ မိနစ်လောက် အရင်ခုန်ကြည့်ပြီး နောက်ပိုင်းမှ ၅ မိနစ်စီ တိုးသွားပြီး ခုန်ကြည့်ပါ။

Mental Health ပိုကောင်းလာခြင်း

ကြိုးခုန်ပေးခြင်းက mental health လည်း ပိုမိုကောင်းမွန်လာစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေတဲ့သူတွေဆိုရင် နေ့တိုင်းသာ ပုံမှန်လေး ကြိုးခုန်ပေးပါ။ ၄ လ ကနေ ၆ လအတွင်း mental health ပိုမိုကောင်းမွန်လာပြီး အဆင်ပြေသွားပါလိမ့်မယ်။

နှလုံးကျန်းမာရေးပိုကောင်းလာခြင်း

ကြိုးခုန်ပေးခြင်းက သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး နှလုံးကျန်းမာရေးလည်း ပိုကောင်းလာစေတယ်၊ ပိုကျန်းမာလာစေပါတယ်။

သက်လုံပိုကောင်းလာခြင်း

ကြိုးခုန်ပေးခြင်းက အမောဒဏ်ခံနိုင်လာပြီး နှလုံးကျန်းမာရေးလည်း ပိုကောင်းလာစေတဲ့အတွက် သက်လုံပိုကောင်းလာစေပါတယ်။ ၁ လ၊ ၂ လ လောက်ဆို သိသာပါတယ်။

အသားအရေပိုကောင်းလာခြင်း

ကြိုးခုန်ပေးရင် ချွေးထွက်သွားတဲ့အတွက် gym ဆော့သလိုပါပဲ ချွေးပုတ်တွေထွက်သွားတော့ အသားအရေ ပိုမိုးကြည်လင်လာစေတယ်။ Flawless skin ဖြစ်လာစေပါတယ်။

သွက်လက်မှုရှိခြင်း

ကြိုးခုန်ပေးရင် စိတ်ရောကိုယ်ပါ active ဖြစ်ပြီး သွက်လက်လာစေတယ်၊ ကိုယ်လက်ထိုင်းမှိုင်းတာတွေ၊ စိတ်ညစ်နွမ်းတာတွေ ပြေပျောက်သွားစေပါတယ်။