ဝက်ခြံတွေဟာ စိတ်အနှောင့်အယှက်ဖြစ်တဲ့ ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီဝက်ခြံတွေကို လူမမြင်နိုင်အောင် ဖုံးကွယ်ထားရတာလည်း အလုပ်တစ်မျိုးပါပဲနော်။ အခုတော့ ဝက်ခြံလေးတွေကို နှုတ်ဆက်ချိန်ရောက်ပါပြီ။ မီးဖိုချောင်ထဲက ဘာလေးတွေကများ ဝက်ခြံတွေကို ဖယ်ရှားပေးနိုင်မလဲဆိုတာ….

ငရုတ်ကောင်းမှုန့်

ငရုတ်ကောင်းအမဲစေ့ကို ညက်နေအောင်ကြိတ်ပါ။ ရေနွေးလေးနဲ့ ခပ်ပျစ်ပျစ်ဖျော်ပါ။ အိပ်ရာမဝင်ခင် လိမ်းထားပြီး နောက်တစ်နေ့မနက်မှာ ရေနွေးနဲ့မျက်နှာသစ်ပါ။ ဝက်ခြံတွေသိသာစွာ လျော့သွားပါလိမ့်မယ်။

တမာရွက်

တမာရွက်ကို သန့်စင်အောင် ရေဆေး၍ ပြုတ်ပါ။ ရရှိလာသော တမာပြုတ်ရည်နှင့် မျက်နှာသစ်ပေးပါ။ ဝက်ခြံများကို သက်သာစေပြီး အဆီပြန်ခြင်းကိုလည်း ထိန်းချုပ်ပေးပါတယ်။

ခရမ်းချဉ်သီး

တနေ့ကို ခရမ်းချဉ်သီးဖျော်ရည် တစ်ခွက်သောက်လျှင် ဝက်ခြံ သက်သာစေပါတယ်။

သံပုရာရည်

သံပုရာရည်ကို ဂလစ်စရင်း အလှဆီရော၍ မျက်နှာပေါ်လိမ်းပေးပါ။ ဝက်ခြံများကို သက်သာစေပြီး နောက်ထပ် မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ရေခဲ

မျက်နှာသစ်ပြီးတိုင်း မျက်နှာကို ရေခဲတုံးနှင့်ပွတ်ပေးပါ။ ဝက်ခြံများသိသာစွာ လျော့ပါးလာမှာဖြစ်သလို အရေပြားကိုလည်း တင်းရင်းစေပါတယ်။