မျက်တောင်ခဏခဏ ကျွတ်တဲ့သူတွေအတွက် မျက်တောင်ကျွတ်တာ သက်သာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ မျက်တောင်ထူချင်တယ်၊ မျက်တောင်ရှည်ချင်တယ်၊ ကျွတ်တာ သက်သာချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကိုသာ try ကြည့်ပါ။

Makeup Products

မျက်တောင်ခဏခဏ ကျွတ်နေတယ်ဆိုရင် ကိုယ်သုံးနေတဲ့ makeup product တွေကို ပြန်ကြည့်ပါ။ Mascara တွေ eyeliner တွေ eyeshadow တွေက date လွန်နေလား၊ ကြာနေပြီလား၊ quality မကောင်းတာတွေလား ပြန်စစ်ပါ။ အဲ့တာတွေကြောင့်လည်း မျက်တောင်ကျွတ်တတ်ပါတယ်။

Makeup မဖျက်ခြင်း

မျက်လုံးကို ပြင်ဆင်ခြယ်သပြီးရင် eye makeup remover နဲ့ ပြောင်အောင်ဖျက်ရပါမယ်။ မဖျက်ပဲထားရင် မျက်တောင်မွှေးတွေ သိသိသာသာ ကျွတ်လာမှာပါ။

Eyelash Curler

မျက်တောင်ကော့တဲ့ eyelash curler တွေသုံးတာက ကိုယ်သုံးတဲ့ eyelash curler မကောင်းရင်လည်း မျက်တောင်ကျွတ်ပါတယ်။ ကိုယ်ညှပ်ပြီးကောလို့နာတာမျိုး၊ မျက်တောင်ကျွတ်ပါတာမျိုးဆို ဆက်မသုံးပါနဲ့တော့။

မျက်လုံးပွတ်ခြင်း

မျက်လုံးကို လက်နဲ့ ခဏခဏပွတ်နေရင်လည်း မျက်တောင်တွေ ကျွတ်ပါတယ်။ ဒါကြောင့် မျက်လုံးကို လက်နဲ့ပွတ်တာ ဆင်ခြင်ပေးပါ။

ကြက်ဆူဆီ

ကြက်ဆူဆီက မျက်တောင်မွှေးတွေ သန်လာစေဖို့ အထောက်အကူပြုပါတယ်။ နေ့တိုင်း မျက်တောင်ကို ကြက်ဆူဆီလိမ်းပေးရင် မျက်တောင်ကျွတ်တာ သက်သာပြီး မျက်တောင်မွှေးလေးတွေ ရှည်ပြီးထူလာမှာပါ။

Petroleum Jelly

Petroleum jelly ကို မျက်တောင်မှာ လိမ်းပေးရင်လည်း မျက်တောင်တွေ ရှည်ပြီးထူလာစေပါတယ်။ ဒီတော့ မျက်တောင်မကျွတ်အောင် အပေါ်က နည်းလမ်းတွေကိုလုပ်ပြီး မျက်တောင်မွှေးပြန်သန်လာအောင် petroleum jelly ကိုလိမ်းပါ။