သင်က Kpop ပရိသတ်ဆိုရင်တော့ BLACKPINK အဖွဲ့ထဲက အထာအရမ်းကျတဲ့ Jennie ကို သိပြီးသားဖြစ်မှာပါ။ ဆွဲဆောင်မှုရှိတဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ အလန်းစားဖက်ရှင်တွေဝတ်တတ်တဲ့ သူမဟာ လက်ရှိမှာ အဆိုတော်အနေနဲ့ရော နာမည်ကြီး Brand တွေရဲ့မော်ဒယ်အနေနဲ့ပါ အောင်မြင်မှုများစွာရရှိထားသူဖြစ်ပါတယ်။
ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာကျဝိုင်းဝိုင်းလေးကို ပိုင်ဆိုင်ထားတဲ့ Jennie ဟာ သူမရဲ့ မျက်နှာလေးနဲ့လည်း လိုက်ပြီး ခေတ်ဆန်ဆန်နဲ့ ကြည့်ကောင်းနေမယ့် Hairstyle အလန်းစားလေးတွေ ထားတတ်တဲ့သူပါ။
ဒါကြောင့် ဒီတစ်ခေါက်မှာ သူမလို မျက်နှာဝိုင်းတဲ့သူအတွက် Hairstyle အိုင်ဒီယာလေးတွေ အတုယူနိုင်ဖို့ Jennie ရဲ့ ချစ်စရာကောင်းသလို အထာလည်းကျတဲ့ ဆံပင်စတိုင်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။ ပုံသွင်းရမခက်ဘဲ ရှင်းရှင်းလေးနဲ့ ထားလို့လွယ်တဲ့ Hairstyle လေးတွေဖြစ်တာမို့ ပျိုမေတိုင်း သဘောကျမှာပါ။
အလယ်ခွဲ ဂုတ်ဝဲဆံပင်နဲ့ Pin ကလစ်လေးနှစ်ချောင်း
တစ်ဝက်စည်း ဆံထုံးအသေးလေး
ဆံပင်တစ်ဖက်ခွဲ ကလစ်ကြီးထိုးထားတဲ့ပုံစံ
တစ်ဖက်တည်း ကျစ်ဆံမြီး
မျက်နှာဘေးဝိုက်ကျစ်ထားတဲ့ ကျစ်ဆံမြီးအသေးလေးနှစ်ဖက် Hairstyle

တစ်ဝက်စည်း Ponytail ခပ်မြင့်မြင့်
Outfit (သို့) ဆံပင်ကာလာနဲ့လိုက်တဲ့ ဘီးကုပ်လေး
အထပ်ကေလေး
Photo Source: preview.ph
By MyStyle Myanmar











