မင်္ဂလာပါနော်။ လူကောင်သေးသေးလေးနဲ့ ချစ်စရာမျက်နှာပေါက်လေးပိုင်ဆိုင်ထားတဲ့ Twice အဖွဲ့ဝင် Chaeyoung ကိုတော့ Kpop ပရိသတ်တိုင်း ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အဖွဲ့ရဲ့ Rapper မလေးဖြစ်ပြီး အဖွဲ့သီချင်းတွေမှာ ကိုယ်တိုင်ပါဝင်ရေးဖွဲ့သီဆိုတတ်သူတစ်ယောက်ပါ။


နာမည်အရင်း Son Chae-young ဖြစ်ပြီး ၁၉၉၉ ခုနှစ် ဧပြီလမှာမွေးခဲ့တာမို့ အသက် ၂၃ နှစ်ရှိပါပြီ။ ငယ်ငယ်ကတည်းက အနုပညာပိုင်းကို ဝါသနာပါသူဖြစ်ပြီး ပုံဆွဲလည်းအရမ်းတော်တဲ့သူဖြစ်ပါတယ်။


တက်ထူးထိုးရတာကြိုက်ပြီး တစ်မူထူးခြားတဲ့ တက်တူးလေးတွေ ထိုးတတ်တဲ့သူတစ်ယောက်ပါ။ Chaeyoung ဟာ ဒီလိုမျိုး ဟန်ဆောင်မှုမရှိဘဲ သူမရဲ့ပုံစံအတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ အရှိအတိုင်းနေတတ်တဲ့ စရိုက်ကြောင့် ပရိသတ်တွေကြား လူကြိုက်များပါတယ်။


သူမဟာ ဖက်ရှင်ပိုင်းမှာလည်း မိန်းကလေး Idol အများစုလို ချစ်စရာကောင်းတဲ့ပုံစံမျိုးထက် ဝတ်ရတာ သက်တောင့်သက်သာနဲ့ အထာကျစေမယ့်ဖက်ရှင်မျိုးကိုပဲ ဝတ်လေ့ရှိသူပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ Chaeyoung ရဲ့လွတ်လပ်တဲ့ အမိုက်စားဖက်ရှင်တွေကို အတုယူနိုင်ဖို့အတွက် သူမရဲ့ Outfit လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar