အချစ်ရေးနဲ့ပတ်သက်ပြီး နာကျင်ရတာတွေ၊ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေများလာရင် တော်တော်များများက ရင့်ကျက်သွားတတ်ပါတယ်။ ရင့်ကျက်လာတဲ့အခါမှာ ဒီအရာတွေကို အရင်လို မလုပ်ဖြစ်ကြတော့ပါဘူး။

အချစ်ကိုဦးစားမပေးတော့ဘူး

မရင့်ကျက်သေးခင်မှာတော့ အရာရာထက် အချစ်ရေးကိုပဲ ဦးစားပေးတတ်ကြတယ်။ ရင့်ကျက်လာတဲ့အခါမှာတော့ အချစ်ရေးကို ဦးစားမပေးတော့ပဲ အချစ်ထက် အရေးကြီးတာတွေ၊ တကယ့်လက်တွေ့ဘဝကို တိုးတက်ပြောင်းလဲလာအောင် လုပ်ဖို့တွေကိုပဲ ဦးစားပေးစဉ်းစားတတ်လာပါတယ်။ ဘယ်ဟာက ကိုယ့်အတွက် ပိုအရေးကြီးလဲဆိုတာကို သိလာပါတယ်။

တွယ်ကပ်မနေတော့ဘူး

အရင်ကတော့ ကိုယ့်နားမနေချင်တဲ့သူကို အရမ်းချစ်လို့ဆိုပြီး ဆွဲထားကြတယ်၊ တွယ်ကပ်နေကြတယ်။ ရင့်ကျက်လာတဲ့အခါမှာတော့ ကိုယ့်နားမနေချင်ရင် ထွက်သွားခွင့်ပေးလိုက်တယ်။ မေ့နိုင်အောင် ကြိုးစားလိုက်တယ်၊ လက်ခံပေးလိုက်တယ်။ ကိုယ့်ဘဝကို ဒီလူတစ်ယောက်ထဲအတွက်ပဲ အချိန်ကုန်ခံပြီး နစ်မွန်းအောင် မလုပ်ဖြစ်တော့ဘူး၊ တွယ်ကပ်တာမျိုးတွေ မလုပ်ဖြစ်တော့ပါဘူး။

ကိုယ့်ဘဝကိုပိုပြီးတန်ဖိုးထားတတ်လာမယ်

မရင့်ကျက်သေးခင်မှာတော့ ကိုယ်ချစ်တဲ့သူရှိရင်ပြီးရော အရာရာကို အဆုံးရှုံးခံနိုင်တယ်၊ ကိုယ်ဖြစ်ချင်တာတွေကိုလည်း သိပ်ပြီး အလေးမထားခဲ့ကြပါဘူး။ အများကြီးနာကျင်ခဲ့ပြီးမှ ရင့်ကျက်လာတဲ့အခါမှာတော့ ကိုယ့်ရည်းမှန်းချက်တွေ၊ ကိုယ်ဖြစ်ချင်တာတွေကိုပဲ တကယ်အာရုံစိုက်ပြီး လုပ်လာကြတယ်။ ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲအောင် လုပ်လာကြတယ်၊ ကိုယ့်ကိုယ်ကို ပိုချစ်လာကြပါတယ်။

ကိုယ့်ပျော်ရွှင်မှုကိုအဆုံးရှုံးမခံတော့ဘူး

နာကျင်မှုတွေ အများကြီးကြုံတွေ့ခဲ့ရပြီးမှ ရင့်ကျက်လာတဲ့အခါမှာတော့ ကိုယ့်ပျော်ရွှင်မှုကို တန်ဖိုးထားတတ်လာကြတယ်။ အရာရာထက် ကိုယ့်ပျော်ရွှင်မှုကိုပဲ ဦးစားပေးတတ်လာပါတယ်။ အရင်လို အချစ်အတွက်နဲ့ တချိန်လုံးကြီး မစားနိုင်မအိပ်နိုင်နဲ့ ပူဆွေးဝမ်းနည်းမနေတော့ပါဘူး။ ဝမ်းနည်းလည်း ခဏပဲငိုလိုက်တယ်။ အချိန်တစ်ခုပေးပြီး ခံစားလိုက်တယ်။ ပြီးရင် ကိုယ်လုပ်ရမယ့်အရာကို ဆက်လုပ်ပြီး ပုံမှန်အတိုင်း ဖြတ်သန်းတာပါပဲ။